Pages

Monday, January 7, 2013

မြန်မာ့မီးရထား (မြို့ပတ်)အား မြန်နှုန်းတင်မောင်းနှင်ရင်ခက်ခဲမှုရှိဆဲ


 
ရန်ကုန်မြို့တွင်လည်ပတ်ပြေးဆွဲလျက်ရှိသောရန်ကုန်မြို့ပတ်ရထားသည်ခရီးသွားပြည်သူများအတွက်နှောင့်နှေး
ကြန့်ကြာမှုရှိခြင်းကြောင့် အောက်ခြေရှိ အခြေခံလူတန်းစားများသည် ရထားထက် ကားကိုသာအသုံးပြု  သွားလာနေရပြီးလက်ရှိရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော ရထားများသည် မြန်ဆန်မှုနှင့်မှန်ကန်မှုရှိရန်လို
အပ်နေကြောင်း သိရှိရသည်။
အဆိုပါကဲ့သို့ ရန်ကုန်မြို့ ပတ်ရထားအား ယခုထက်ပိုမိုမြန် ဆန်စွာပြေးဆွဲနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်းကို မြန်မာ့ မီးရထားလုပ်ငန်းမှမြို့ပြအင်ဂျင် နီယာဌာနမှူးဦးတင်ဝင်းကပြော ကြားရာတွင် ““ရန်ကုန်ဘူတာကြီး   အပါအ၀င် ၃၈ဘူတာလုံးကိုပထမ  ဦးစားပေး၊ဒုတိယဦးစားပေး၊တတိ ယဦးစားပေးဆိုပြီး သုံးပိုင်းခွဲခြား  လုပ်နေတယ်။ပထမဦးစားပေး အနေနဲ့ပြီးသွားပြီ။အခု ဒုတိယ  ဦးစားပေးနဲ့တတိယဦးစားပေးလုပ်  ဖို့ရုံးပ်ကိုတင်ပြဖို့လုပ်နေတယ်။   အဲဒီအပေါ်မှာလည်းလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီးတော့ဆက် လုပ်သွားမယ်””ဟု ပြောကြားခဲ့ သည်။
လက်ရှိမြန်မာ့မီးရထားလုပ် ငန်းနှင့်ပတ်သက်၍အထက်ပါ ပုဂ်္ဂိုလ်ကဆက်လက်ပြောကြားရာ တွင်လည်း ““အရင်တုန်းကရထားလမ်းတွေကသစ်သားဇလီဖာတုံးတွေဖြစ်တဲ့အတွက်ရထားမောင်း  နှင်ရာမှာ မြန်နှုန်းများများမပေး နိုင်ဘူး။အခုဦးတို့အနေနဲ့ကွန်ကရစ်  ဇလီဖာတုံးတွေကိုလဲလိုက်ရတယ်ရထားလမ်းတွေကလည်းတောင့် တင်းကြံ့ခိုင်လာတယ်။
ရထားရဲ့မြန်နှုန်းကိုလည်း ယခင်ထက်ပိုပြီးတော့တိုးမြှင့်လို့ရတယ်။
အဲဒီလိုတိုးမြှင့်လိုက်တဲ့အတွက်ရထားစီးရတဲ့အချိန်တွေကလည်းနည်းသွားမယ်။အဲဒီလိုမြန်နှုန်းမြင့်မောင်းဖို့က      အဝေးပြေးရထားလမ်းတွေမှာပဲ ဖြစ်နိုင်မယ်။မြို့ပတ်ရထားလမ်းမှာ တော့ မြန်နှုန်းကို ယခုထက်တိုး မြှင့်မောင်းနှင်ဖို့တော့ မဖြစ်နိုင် တော့ဘူး။ဘာလို့လည်းဆိုတော့  ရထားတစ်ဘူတာနဲ့တစ်ဘူတာ လည်း ကပ်တယ်။ရထားတစ်စင်း နဲ့တစ်စင်းကလည်း ဆက်နေတာ  ဆိုတော့ သူ့ထက်တော့မြန်နှုန်းမြှင့် ဖို့မောင်းဖို့မဖြစ်နိုင်သေးဘူး””ဟု ပြောကြားခဲ့သည်။
မြန်မာ့မီးရထားလမ်းအား ယခုထက်ပိုမိုအဆင့်မြင့်ပြေးဆွဲ  နိုင်ရန်အတွက် JICA  မှတာဝန်ရှိ သူများက မကြာခဏလာရောက် ကြည့်ရှုလျက်ရှိကြောင်း မကြာမီ တွင် ရန်ကုန်နှင့်မန္တလေးရထား လမ်းအား မြန်မာနှင့်ဂျပန်ပူးပေါင်း   ကာအဆင့်မြင့်တင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
hot news

No comments:

Post a Comment