Pages

Tuesday, January 22, 2013

“တရုတ်နိုင်ငံရေးလှုပ်ရှားသူ ချန်နှင့်အတူ အလည်ထွက်ခဲ့သည့် ဘေးလ်”

Photo: “တရုတ်နိုင်ငံရေးလှုပ်ရှားသူ ချန်နှင့်အတူ အလည်ထွက်ခဲ့သည့် ဘေးလ်”

ဟောလီးဝုဒ် မင်းသား ခရစ္စတီယန်ဘေးလ်သည် တရုတ်နိုင်ငံမှ နိုင်ငံရေး လှုပ်ရှားသူ ချန်ဂွမ်ချန်းနှင့်အတူ တနင်္ဂနွေနေ့က Disney Landသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရှိရသည်။ ဝေလနယ်သား ဘေးလ်သည် ကယ်လီဖိုးနီးယားရှိ Disneyland ဥယျာဉ်သို့ ချန်ကို ခေါ်ဆောင်သွားခဲ့သည်။

ချန်နှင့် ဘေးလ်တို့သည် ပြီးခဲ့သည့်နှစ်က မိတ်ဆွေများ ဖြစ်လာခဲ့သည်။ ချန်သည် တရုတ်နိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများနောက်ပိုင်း အမေရိကန်သို့ ထွက်ခွာလာရပြီးနောက် ဇနီးနှင့် ကလေးနှစ်ဦးနှင့်အတူ နယူးယော့ခ်တွင် အခြေစိုက် နေထိုင်လျှက် ရှိသည်။
 
ချန်သည် မျက်စိကွယ်နေသူ တစ်ဦးဖြစ်ရှာပြီး ၎င်းသည် နေအိမ်အကျယ်ချုပ်ဖြင့် (၂)နှစ်မျှ ထိန်းသိမ်းခံထားရပြီးမှ အမေရိကန်သို့ ခိုလှုံလာခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/20787

Planet Myanmar Network
 
No comments:

Post a Comment