Pages

Tuesday, January 22, 2013

“ရာသီဥတုဒဏ်မခံနိုင်သဖြင့် F-35 တိုက်လေယာဉ်များအား ဝေဖန်မှုများထွက်ပေါ်”

Photo: “ရာသီဥတုဒဏ်မခံနိုင်သဖြင့် F-35 တိုက်လေယာဉ်များအား ဝေဖန်မှုများထွက်ပေါ်”

တန်ကြေး များပြားစွာ ပေးချေ ဝယ်ယူထားရသော်လည်း ရာသီဥတုဒဏ်ကို မခံနိုင်သည့် အခြေအနေကြောင့် ဗြိတိသျှ လေတပ်၏ F-35 တိုက်လေယာဉ်များအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ F-35 Joint Strike တိုက်လေယာဉ် တစ်စင်းသည် (၂၅)မိုင်မျှ အကွာအဝေးရှိသည့် မိုးကြိုးမုန်တိုင်း တစ်ခုကို ဖြတ်ကျော် ပျံသန်းရန် အခြေအနေ ကြုံခဲ့သော်လည်း အမေရိကန် လေတပ် အင်ဂျင်နီယာများက ယင်းကို ခွင့်မပြုခဲ့ချေ။ 

၎င်းတို့က F-35၏ ဆီတိုင်ကီသည် မိုးကြိုးထိမှန် ခံရပါက ပေါက်ကွဲသွားနိုင်သည့် အခြေအနေ ရှိနေကြောင်း ပြောကြားခဲ့သည်။ 
အမေရိကန် နိုင်ငံက ထုတ်လုပ်သည့် အဆိုပါ လေယာဉ်များအနက် (၄၈)စင်းကို ဗြိတိန်က ဝယ်ယူရန် ရည်ရွယ်ထားသည်။ 

ဗြိတိန်၏ အင်အားကြီး မဟာမိတ် အမေရိကန်ကမူ ယင်းလေယာဉ် အစင်း(၂၅၀၀) ဝယ်ယူမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး စူပါ လေတပ် တိုက်ခိုက်ရေး ယန္တရားတစ်ခု အဖြစ် သတ်မှတ်ခြင်း ခံရသည့်တိုင် ပေါင်စတာလင် သန်း(၁၅၀)တန် တိုက်လေယာဉ်သည် မိုးကြိုးမုန်တိုင်းအတွင်း ပျံသန်းရန် စိုးရိမ်လောက်စရာ ဖြစ်နေခြင်းကြောင့် ယင်းအချက်မှာ ထောက်ပြစရာ ဖြစ်လာသည်။

Read more http://www.planet.com.mm/news/read.cfm/id/20789

Planet Myanmar Network

No comments:

Post a Comment