Pages

Monday, January 14, 2013

မော်တော်ယာဉ်များပြားခြင်းကြောင့်ယာဉ်ကြောပိတ်ဆို့တာမဟုတ်


နိုင်ငံတော်သမ္မတက ဇန်န၀ါရီ ရက်နေ့တွင် ရန်ကုန်မြို့တော်အများ  ပြည်သူသယ်ယူပို့ဆောင်ရေးအာ ဏာပိုင်အဖွဲ့အစည်း (Y.C.P.T.A) ကို ဖွဲ့စည်းပေးခဲ့ပြီးနောက်၎င်းအဖွဲ့   ၏ ပထမဆုံးအကြိမ်သတင်းမီဒီယာ  များနှင့် တွေ့ဆုံပွဲကို ဇန်န၀ါရီလ (၁၁) ရက် နံနက်တွင် ရန်ကုန်မြို့  တော်ခန်းမအစည်းအဝေးခန်းမ ဆောင် (၄) ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲ၌ ရန်ကုန်မြို့ တွင် ယာဉ်အစီးရေနှစ်သိန်းကျော် သာရှိသော်လည်း ယာဉ်ကြောပိတ် ဆို့မှုမှာ နေရာအနှံ့အချိန်ပြည့်ဖြစ် ပေါ်နေကြောင်း၊ ယာဉ်များပြား ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပေါ်နေခြင်းမဟုတ်ဘဲစီမံခန့် ခွဲသည့်စနစ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုအားနည်း  နေခြင်းတို့ကြောင့်သာဖြစ်ကြောင်း   ယင်းကိစ်္စနှင့် ပတ်သက်ပြီးအသေး   စိတ်ကွင်းဆင်းလေ့လာရန်မည်သို့  ဆောင်ရွက်သွားမည်ဆိုသည့်နည်း လမ်းနှင့် ပတ်သက်၍သမ္မတထံ တင်ပြမည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင် မော်တော် ယာဉ်ကားဟောင်းများအပ်နှံစေပြီး ကားသစ်များတွင် သွင်းခွင့်ပြုပြီး  နောက်ပိုင်းယာဉ်ကြောပိတ်ဆို့မှု များလာခြင်းအပေါ်“အခုကားတွေ ကများလာတယ်။ ရွှေဂုံတိုင်မှာ ဆိုရင်ယာဉ်ကြောပိတ်တော့လိုင်း ကားသမားတွေက လမ်းကြော  ပြောင်းပြန်မောင်းတယ်။ မီးပွိုင့်  နားနီးတော့ချစ်ကိုကြီးတစ်စီးလောက် ဆိုပြီးနေရာတောင်းတယ်။ အဲဒီလို  စည်းကမ်းဖောက်တာကို အရေး  ယူတာမတွေ့ဘူး။ ခြောက်ထပ်ကြီး  မှတ်တိုင်နားဆိုရင်လည်းဈေးသည်  တွေနဲ့ အနားယာဉ်တွေက လမ်း  တစ်ဝက်လောက်စီနေရာယူထား တယ်။ လိုင်းကားတွေကလည်း ပိတ်ရပ်တယ်။ လာသာဘက်မှာ ဖြစ်နေတဲ့ပုံမျိုးပဲ။ ဒီကြားထဲ ငမိုး  ရိပ်ချောင်းကူးတံတားက ပိတ်ထား  တာတစ်လကျော်ပြီကားတွေက သံသုမာလမ်းကိုပဲ အသုံးပြုရတော ယာဉ်ကြောပိတ်ပြန်ရော။ အခု သမ္မတဖွဲ့ပေးလိုက်တဲ့ သယ်ယူပို့ ဆောင်ရေးအဖွဲ့က ဒီပြဿနာ  တွေကို အကောင်းဆုံးဖြေရှင်း ပေးလိမ့်မယ်လို့ထင်ပါတယ်”လို့  သာကေတမြို့နယ်မှာနေတဲ့ကို အောင်ဝင်းကသူတွေ့ကြုံ
ရတာကို ပြေပြခဲ့ပါတယ်။
hot news

No comments:

Post a Comment