Pages

Tuesday, January 29, 2013

ပင်လောင်းမြို့နယ်တွင် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ


ဇန်န၀ါရီ (၂၉)
 ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းရှိ ဓကူမို့ရွာမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများကို ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် သက်သေများနှင့်အတူ တာဝန်ရှိသူများမှ ဖမ်းဆီးနိုင်ခဲ့သည်။

ပင်းလောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ ရဲစခန်းမှ ရဲအုပ်မင်းသိန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် တကူမို့ကျေးရွာမှ ဆိုင်ကယ်စီးနင်းလာသူ ကျော်စိန်အောင်နှင့် အောင်ဝင်း တို့နှစ်ဦးအား ရပ်တန့်ရှာဖွေခဲ့ရာတွင် ဂျင်းလွယ်အိတ်အတွင်းမှ ဒဗလျူဝိုင်စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၄၀၀) ခန့်နှင့် ဘိန်းစိမ်း (၀.၄) ကီလိုခန့်၊ ဘိန်းမဲ (၀.၈) ကီလိုခန့် စုစုပေါင်း ကာလတန်ဖိုး ကျပ် (၂၂)သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နောင်တရားမြို့နယ်ခွဲ ရဲစခန်းမှ ရဲအုပ်မင်းသိန်း ဦးစီး ရဲတပ်ဖွဲ့ဝင်များမှလည်း ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် နောင်တရား - ပင်လောင်းလမ်းပေါ်မှ ထီးဗုတ် (မတ္တလေရွာနေ) ဆိုသူမောင်းနှင်လာသည့် ဆိုင်ကယ်အား ရှာဖွေခဲ့ရာတွင် ဘိန်းစိမ်းနှင့် ဘိန်းအရည် ကာလတန်ဖိုး ကျပ် (၁၀)သိန်းကျော်ဖိုးအား ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်သည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအနက် မူးယစ်ဆေးဝါးနှင့် ဘိန်းစိုက်ပျိုးမှု အများဆုံး ပြုလုပ်သော မြို့တစ်မြို့ဖြစ်ပြီး မကြာခဏဆိုသလို စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းစိမ်း၊ ဘိန်းမဲ ၊ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိနေကြောင်း သိရသည်။ ၁-၉-၂ဝ၁၂ မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ ရှမ်းပြည်နယ်တွင် ဘိန်းခင်းဖျက်ဆီးနိုင်မှု ဧက (၈၆၆.၉၅) ရှိသည့်အနက်  ပင်လောင်း မြို့နယ် အတွင်း မှ  (၄၆၆) ဧက ဖြစ်သည်။

No comments:

Post a Comment