Pages

Tuesday, January 29, 2013

လားရှိုးမြို့တွင် တူမီးသေနတ်ဖြင့် ဓားပြတိုက်မှုဖြစ်ပွား

ဇန်န၀ါရီ(၂၉)

ရှမ်းပြည်တွင်အသုံးများသော တူမီးသေနတ်ပုံ


ရှမ်းပြည်နယ် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနတွင် ဇန်န၀ါရီလ (၂၈) ရက်နေ့ ညပိုင်းက တူမီးသေနတ် ဒဏ်ရာများဖြင့် လာရောက်ဆေးကုသနေသော အတွင်းလူနာ သားအမိ (၂) ဦးရှိကြောင်းသိရသည်။

အမှုဖြစ်ပွားပုံမှာ လွယ်လင် - လားရှိုး ပြေးဆွဲနေသော ဗင်ကားဖြင့် လိုက်ပါလာသော လွယ်လင်မြို့ နေ ထိုင်သူ ဒေါ်သီတာလင်းနှင့် သားဖြစ်သူ ပြည့်စုံဆန်းလင်းတို့ နှစ်ဦးသည် လမ်းတစ်ဝက်ခန့်အရောက် တွင် တူမီးသေနတ်ကိုင်ဆောင်ထားသူများ၏ ပစ်ခတ်မှုကြောင့် အသီးသီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပြီး လားရှိုးမြို့ ဆေးရုံကြီးသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်ကားဟာ ဇန်န၀ါရီလ (၂၈) ရက်နေ့ မနက်ပိုင်းမှာ လွယ်လင်ကနေ စထွက်လာခဲ့ပါတယ်။ မိုင်းနောင် ရွာအနားအရောက်မှာ တူမီးသေနတ်ကိုင်ထားတဲ့ တူနှစ်ယောက် ကားလမ်းဘေးတောထဲက ထွက်လာပြီး ကျွန်တော့်ကို ရှမ်းဘာသာစကားနဲ့ ကားရပ်ဖို့ ပြောပါတယ်။ ကျွန်တော်ကားကို ရပ်ပေးလိုက်တော့ သူတို့က တောထဲ မောင်းဝင်ဖို့ ထပ်ပြောပါတယ်။ ကျွန်တော်လည်း ကားကို ကွေ့မလိုပုံစံမျိုးနဲ့ မောင်းပြေးတော့ တူမီးသေနတ်နဲ့ လှမ်းပစ်ပါတယ်။ ရှေ့ခန်းမှာ ထိုင်နေတဲ့ ဒေါ်သီတာလင်းတို့ သားအမိနှစ်ဦးသာ ထိမှန်ပြီး နောက်ခန်းက ခရီးသည် (၄) ယောက် ကတော့ ထိခိုက်မှုမရှိပါဘူး ” ဟု ယာဉ်မောင်းမှ ပြောပြပါသည်။

ဒေါ်သီတာလင်းသည် နောက်လက်ပြင်တွင် ပွန်းပဲ့ဒဏ်ရာများရရှိပြီး သားဖြစ်သူ မောင်ပြည့်စုံဆန်းလင်း မှာ ဘယ်ရင်အုံဖောက်ထွက်ဒဏ်ရာ ၊ လက်ဝဲဘက်ချိုင်းအောက် ဖောက်ထွက်ဒဏ်ရာများ အသီသီး ရရှိကာ အတွင်းလူနာအဖြစ် အရေးပေါ်ဌာနတွင် ဆေးကုသမှု ခံယူနေကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး ထံမှ သိရှိရသည်။

No comments:

Post a Comment