Pages

Friday, January 25, 2013

အီရန် သံရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်သွားမည်

ဇန်န၀ါရီ(၂၅)

Iran-Embassy-Building-Plackအီရန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အီရန် သံရုံးအား မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အီရန်နိုင်ငံ၊ အမျိုးသားလုံးခြုံရေးနှင့် နိုင်ငံခြားရေးရာ – ပြောရေးဆိုခွင့်ရှိသူ Majils က ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ ဇန်နဝါရီ (၂၀) ရက်နေ့က Press TV ရုပ်သံအစီစဉ်တွင် တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။
အီရန် သံရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကမ်းလှမ်းချက်အား မြန်မာ အစိုးရအနေဖြင့် သဘောတူထားပြီး ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးရာကော်မရှင် မှ  Seyyed Hossein Nauavi – Hosseini ၏ ပြောကြားချက်ကို ကိုးကား၍ ပြီးခဲ့သည့် စနေနေ့က Xinhua သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ဖွင့်လှစ်သွားမည့် သံရုံး တည်နေရာ၊ အချိန်ကာလနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားပြီး  ဖြစ်ကြောင်း အီရန်နိုင်ငံ သတင်း မီဒီယာများမှ ဖော်ပြထားသော် လည်း မြန်မာအစိုးရ – ပြန်ကြားရေးဝန်ကြီး ဌာနမှ မြန်မာပြည်သူလူထုထံသို့ တစုံတရာ ထုတ်ဖော်ကြေညာ အသိပေး ဆောင်ရွက်ခြင်းများ ယခုအချိန်ထိ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။
ယနေ့အချိန်ထိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖွင့်လှစ်ပြီး အီရန် သံရုံး စုစုပေါင်း (၉၅) ခုထိ ရှိကြောင်း စာရင်းဇယားများအရ သိရှိရသည်။
အီရန်သံရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ခြင်း၏ နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရာတချို့အား စာဖတ်ပရိတ်သတ်များ လေ့လာ သိရှိနိုင်စေရန် Press TV မှ ထုတ်လွှင့်ခဲ့သော ရုပ်/သံ အား ထပ်ဆင့် ဖော်ပြအပ်သည်။
press-tv-iran-myanmarPress TV မှ ထုတ်လွှင့်ခဲ့သော ရုပ်/သံ အစီစဉ်

No comments:

Post a Comment