Pages

Friday, January 25, 2013

ဟိုပုံးမြို့တွင် မြို့နယ်စည်ပင်မှ လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချ


ဇန်န၀ါရီလ(၂၅)

 ရှမ်းပြည်နယ် ဟိုပုံးမြို့ တုံခမ်းရပ်ကွက်ရှိ မြို့တော်ခန်းမတွင် မြို့နယ်စည်ပင်အဖွဲ့မှ လုပ်ငန်းလိုင်စင် များ လေလံတင်ရောင်းချသည့် အခမ်းအနားကို ဇန်န၀ါရီလ(၂၄)ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ လေလံတင်ပွဲကို ပြည်နယ်စည်ပင်မှ ဒုညွှန်မှူး၊ ဟိုပုံးမြို့နယ် ဒုအုပ်ချုပ်ရေးမှူး၊ ဒေသစီမံရေး ရာဝန်ကြီး နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

လေလံတင်ရောင်းချပွဲတွင် ရောင်းချခဲ့သည့် လုပ်ငန်းလိုင်စင်(၁၅)မျိုးပါရှိပြီး အမဲလိုင်စင်၊ ၀က်လိုင်စင်၊ ဈေးကောက်လိုင်စင်၊ ဆိတ်လိုင်စင်၊ မြို့ဝင်ဘီးကောက်လိုင်စင်၊ စက်ဘီးအပ်လိုင်စင်နှင့် အပေါင်ဆိုင်လိုင်စင် များ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

လိုင်စင်(၁၅)မျိုးအနက်မှ နမ့်ခုတ်ဝက်လိုင်စင်နှင့် နမ့်ခုတ်ပျံကျဈေးကောက်လိုင်စင်တို့အား ရောင်းချ၍ မရသေး ကြောင်းနှင့် စုစုပေါင်းရောင်းချရသည့် လိုင်စင်တန်ဖိုးမှာ ကျယ်သိန်းခြောက်ထောင်ကျော် ရှိကြောင်းကို ဟိုပုံးမြို့နယ် စည်ပင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

No comments:

Post a Comment