Pages

Tuesday, January 29, 2013

ကမ္ဘာ့အကြီးဆုံး ဦးချိုရှိသော နွား

ဇန်န၀ါရီ(၂၉)
 
ဂင်းနစ်စံချိန်တင်ခဲ့တဲ့နွား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အလယ်ပိုင်း Missouri ပြည်နယ်မှာ ဖြစ်ပြီး ၂၀၀၃ ခုနှစ်က စံချန်တင်ခဲ့တာ ဖြစ်ပါတယ်။
Watusi bull လို့ခေါ်တဲ့ အာဖရိက ဦးချိုကြီး နွားတစ်မျိုး ဖြစ်ပြီး ဥရောပ၊ အမေရိက တွေမှာလည်း အသက်ရှင် နေထိုင်နိုင်တဲ့ နွား ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ ၈ ပေလောက်အထိ အရှည်ရှိပြီး ပေါင် ၉၀၀ မှ ၁၆၀၀ အတွင်း အလေးချိန်ရှိတဲ့ နွားမျိုး ဖြစ်ပါတယ်။
ယခု မြင်တွေ့နေရတဲ့ နွားကတော့ Lurch လို့အမည်ရပြီး သူ့မျိုးရိုးထဲမှာမှ ထူးထူးခြားခြား ဦးချိုပိုကြီးနေတာ ဖြစ်ပါတယ်။ ၃၇ လက်မကျော်အထိ ဦးချို နှစ်ခု ကွာဝေးအောင် ရှည်လျားပြီး ဦးချို တစ်ခုတိုင်းကို ပေါင် ၁၀၀ မက လေးပါတယ်။ တိရစ္ဆာန် ထိမ်းသိမ်း မွေးမြူရေးစခန်းမှာ ထားရှိပြီး ၂၀၁၀ ခုနှစ် မေလက သေဆုံးသွားပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ယနေ့အချိန်ထိ ဂင်းနစ်မှတ်တမ်းထဲမှာတော့ ကမ္ဘာ့ဦးချိုအကြီးဆုံး နွား အဖြစ် စံချိန်တင်ထားသေးကြောင်း သိရပါတယ်။ 
-
Ref: wiki


No comments:

Post a Comment