Pages

Monday, January 14, 2013

စစ်သွေးကြွများကို နိုင်ငံတကာ အကူအညီဖြင့် ထိုးစစ် ဆင်နေပြီဖြစ်သည့် မာလီနိုင်ငံ

 စစ်သွေးကြွများကို နိုင်ငံတကာ အကူအညီဖြင့် ထိုးစစ် ဆင်နေပြီဖြစ်သည့် မာလီနိုင်ငံ
 
မာလီနိုင်ငံ အလယ်ပိုင်းရှိ နိုင်ငံ၏ အချက်အချာ မြို့ဖြစ်သော ကွန်နာမြို့သို့ စစ်သွေးကြွများ ဝင်ရောက် လာခဲ့ခြင်းကြောင့် အစိုးရက ထိန်းချုပ်ထားသော နယ်မြေများတွင် ယခုကဲ့သို့ နောက်ထပ် ဖြစ်မလာ စေရေး အတွက် လုပ်ဆောင် လျက်ရှိသည်။ ထို့ပြင် စစ်သွေးကြွများ ထိန်းချုပ်ထားသော
သဲကန္တာရ မြောက်ပိုင်း ဒေသ ကို ပြန်လည်ရယူ နိုင်ရန်အတွက် မာလီနိုင်ငံ သို့ အာဖဂန် တပ်ဖွဲ့ဝင် ၃ဝဝဝ ခန့် စေလွှတ်ရေး အစီအစဉ်ကို ကုလ သမဂ္ဂက ထောက်ခံခဲ့ပြီး အမြန်ဆုံး စေလွှတ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က တောင်းဆိုမှုများ ပြုခဲ့သည်။ ယခုလ အတွင်း အစိုးရနှင့် သူပုန်များ အကြား ဆွေးနွေးပွဲများ စတင်နိုင်ရန် စီစဉ် ထားသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသဖြင့် မာလီ အစိုးရ သည် အရေးပေါ် ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပြီး ပြင်သစ်၊ နိုက်ဂျီးရီးယား၊ ဆီနီဂေါ နိုင်ငံများမှ တပ်ဖွဲ့ဝင်များ အကူအညီဖြင့် သူပုန်များကို ထိုးစစ်ဆင်ရန် ဇန်နဝါရီ ၁၁ ရက်က စတင်ခဲ့သည်။

အမေရိကန် ပြည်ထောင်စု မှလည်း မာလီ သူပုန်များကို တိုက်ခိုက်မည့် ပြင်သစ် တပ်ဖွဲ့ဝင်များ အား စောင့်ကြည့် ရေး မောင်းသူမဲ့ လေယာဉ်များ၊ တင့်ကားများ အပါအဝင် လက်နက် များ ထောက်ပံ့ခဲ့ကြောင်း အမေရိကန် စစ်တပ်၏ ပြော ကြားချက် အရ သိရသည်။ တိုက်ခိုက်ရေး အတွက် အမေရိကန် ထိပ်တန်း အရာရှိများ၊ ပြင်သစ်နှင့် မဟာမိတ် နိုင်ငံများမှ ထိပ်တန်း အရာရှိများက အစီအစဉ် များ ရေးဆွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပထမ ရည်ရွယ်ချက်မှာ ကွန်နာ မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် ဖြစ်ပြီး ကနဦး တိုက်ခိုက်မှုများ ကြောင့် နှစ်ဖက်စလုံးတွင် အသေအပျောက်များ ရှိကြောင်း သိရသည်။ ဥရောပ ခေါင်းဆောင်များသည် မာလီ နိုင်ငံ၏ အစ္စလာမ်မစ် စစ်သွေးကြွများ ထိန်းချုပ်ထားေ သာ နေရာများတွင် ဘာသာရေး စစ်ပွဲများ ဖြစ်လာမည်ကို စိုးရိမ် ပူပန်လျက်ရှိသည်။ ၂ဝ၁၂ ခုနှစ် ဧပြီလတွင် မာလီနိုင်ငံ မြောက်ပိုင်းကို အစိုးရ တပ်ဖွဲ့ဝင်များ ထံမှ စစ်သွေးကြွများက သိမ်းပိုက်ခဲ့သည်မှ စ၍ မာလီ နိုင် ငံ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။ စစ်သွေးကြွ များက ဘာမာကိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၇ဝဝ အကွာ ကွန်နာမြို့ရှိ အစိုးရ တပ်ဖွဲ့ဝင်များကို တိုက်ထုတ်ခဲ့သည့် အပြင် ကီလိုမီတာ ၁ဝဝ အကွာ ဒူအန်မြို့ကိုလည်း မူဂျာ အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုက သိမ်းပိုက်ခဲ့ကြောင်း အန်ဆာဒင်း စစ်သွေးကြွ အုပ်စုက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက စတင်ပြီး အန်ဆာဒင်းနှင့် မူဂျာ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တို့သည် မာလီနိုင်ငံ မြောက်ပိုင်း နယ်မြေ အများစုကို  ထိန်းချုပ် ထားခဲ့သည်ဟု သိရသည်။
မြ၀တီ

No comments:

Post a Comment