Pages

Monday, January 7, 2013

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတတ်ရေး ပါတီ သဘောထား ကြေညာချက်


ရက်စွဲ။  ။၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်
          ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင်အို၊ ကေအိုင်အေတို့ အကြား တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ် ပွဲများကြောင့် ဒေသခံရှမ်း၊ ကချင်ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ်သို့ရောက်ရှိ နေပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ်များကို စွန့်ပစ်၍ လုံခြုံ မှုရှိရာ ဒေသများတွင် ဖြစ်သလို နေထိုင် စားသောက် ကြရပါသည်။ ကေအိုင်အေ တပ်ဖွဲ့ဝင်များသည် မီးရထား လမ်းတံတားများကို ဖေါက်ခွဲ ဖျက်ဆီးခြင်း၊ ရှမ်းနီ လူမျိုးများထံမှ ဆက်ကြေးများ ကောက်ခံခြင်း၊ စစ်သားများအဖြစ် အဓမ္မ စုေ ဆာင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ တပ်မတော်မှ ရှမ်းရွာသားများ အပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများ အနီး မိုင်းေ ထာင် ဖေါက်ခွဲခြင်း၊ ရှမ်း အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း စသည်ဖြင့် အနိုင် ကျင့် နှိပ်စက်လျှက်ရှိ ပါသည်။
ဤဒေသအတွင်းရှိ ရှမ်းနီ ပြည်သူများသည် မိမိတို့အပေါ် လူ့အခွင့်ရေး ချိုးဖေါက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက် နေသော ကေအိုင်အေ တို့၏ အပြုအမှု များ အား စက်ဆုပ် ရွံရှာနေကြပြီ ဖြစ်ပါသည်။ ထို့ပြင် စစ်ပွဲများ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အလျင် အမြန်ရရှိရန်သာ ဆန္ဒပြင်းပြ နေကြပါသည်။ သို့ဖြစ်ပါ၍ တိုင်း လိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန် လိုက်သည်။

(၁) ဤဒေသ အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း တစ်ဦးအပေါ် တစ်ဦး လူညွန့်ခူး ခေါင်းပုံ ဖြတ်ခြင်းကို လက်မခံပါ။
(၂) လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။
(၃) ကချင် ပြည်နယ်အတွင်း စစ်ပွဲများ အမြန်ဆုံးရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောင်းဆိုသည်။
(၄) ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေသခံ ရှမ်းနီ ပြည်သူများ၏ ပူးပေါင်းမှု မရရှိပါက အောင်မြင်နိုင်မည် မဟုတ်ဟု ယုံကြည် ကြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ


မြ၀တီ

No comments:

Post a Comment