လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနလက်အောက်မီးသတ်ဦးစီးဌာနအား
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့အလုံးစုံပြန်လည် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်းမီးသတ်ဦးစီဌာနရှိ
တာဝန်ရှိသူထံမှ သတင်းရရှိသည်။
ယင်းမီးသတ်ဦးစီးဌာနမှာ နိုဝင်ဘာလ ၆ ရက်နေ့က အမိန့်အမှတ် ၃၈/၂၀၁၂ ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာအား

ပြောင်းရွှေ့ခဲ့ပြီး ဌာနဆိုင်ရာအလုံးစုံ
ပြောင်းရွှေ့မှုကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီတွင် ပြုလုပ်ခဲ့ကြောင်း
သိရသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကို လုပ်ငန်းပိုင်းဆိုင်ရာ ပြောင်းရွှေ့မှုတွေကိုအရင်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ဌာနဆိုင်ရာ

လုံး ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော်တို့ဌာနပြောင်းရွှေ့မှုက ပြည်ထောင်စုအစိုးအရ၏အမိန့်နဲ့ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်"ဟု ပြောကြား
ခဲ့သည်။
ယခုပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ပြောင်းရွှေ့သွားသော မီးသတ်ဦးစီးဌာနမှာ ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိပြည်ထဲရေးဌာနလက်အောက်တွင် ရှိခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် လူမှုဝန်ထမ်း

နှင့်ပြန်လည်နေရာချထားရေးဌာန ဖွဲ့စည်းခဲ့သဖြင့် အဆိုပါဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ မီးသတ်ဌာန၏ ဖွဲ့စည်းပုံအရ အင်အား ၇၀၀၀ ကျော်ရှိပြီးဝန်ထမ်း၄၀၀၀ ကျော်

ရှိကြောင်းလည်း သိရသည်။
Eleven Media Group
Eleven Media Group
No comments:
Post a Comment