Pages

Tuesday, January 22, 2013

“လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ”

Photo: Update:
“လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ”

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေအနေကြောင့် တနင်္လာနေ့က လေယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည် တနင်္ဂနွေနေ့ကလည်း ခရီးစဉ် စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းကို ရွှေ့ဆိုင်းခဲ့ရသေးသည်။ 

အဓိကအားဖြင့် ဗြိတိန်နိုင်ငံ တစ်ဝှမ်းလုံး ဆီးနှင်းများ ထူထပ်များပြားစွာ ကျရောက်နေခြင်းကြောင့် ယခုလို ခရီးစဉ်များ ဖျက်သိမ်းနေရခြင်း ဖြစ်သည်။
လေ့လာသူများက ရာသီဥတု ဆက်လက် ပြင်းထန်နေနိုင်သည့် အခြေအနေကြောင့် အလားတူ အခြေအနေမျိုး လာမည့် နေ့ရက်များတွင် ဆက်လက် ပေါ်ပေါက်နေနိုင်ဆဲဟု မှတ်ချက်ပြုထားသည်။ 

ဟိဿရိုးသည် ဥရောပတွင် အလုပ်အရှုပ်ဆုံး၊ ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်လည်း ဖြစ်သည်။ တနင်္လာနေ့တွင်မူ ခရီးစဉ် စုစုပေါင်း (၁၃၀)မျှကို ဖျက်သိမ်းခဲ့ရသည်။ ယင်းတို့အနက် အများဆုံးသည် ဗြိတိသျှ လေကြောင်းလိုင်းများ ဖြစ်ကြသည်။

Read more http://www.planet.com.mm/news/read.cfm/id/20778

Planet Myanmar Network

No comments:

Post a Comment