Pages

Tuesday, January 22, 2013

“ပြင်သစ်နှင့်မာလီ ပူးပေါင်းစစ်ကြောင်းက သူပုန်များသိမ်းထားသည့် မြို့သို့ စတင်ဝင်ရောက်”

Photo: Breaking News:

“ပြင်သစ်နှင့်မာလီ ပူးပေါင်းစစ်ကြောင်းက သူပုန်များသိမ်းထားသည့် မြို့သို့ စတင်ဝင်ရောက်”

ပြင်သစ်နှင့် မာလီ ပူးပေါင်း စစ်ကြောင်းတစ်ခုသည် မာလီအစိုးရ ဆန့်ကျင်ရေး သူပုန်များ သိမ်းပိုက်ထားသည့် ဒီယာဘာလီမြို့ထဲသို့ စတင် ဝင်ရောက်နိုင်ခဲ့ပြီဟု သိရှိရသည်။ ဒီယာဘာလီသို့ ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ချိန်တွင် အစွန်းရောက် စစ်သွေးကြွ သူပုန်များဘက်မှ မည်သည့် ခုခံမှုမျိုးမျှ မပြုလုပ်ခဲ့ဟုလည်း မာလီ အာဏာပိုင်များက ပြောကြားခဲ့သည်။

သံချပ်ကာယာဉ် အစင်း(၃၀)မျှသည် မာလီနှင့် ပြင်သစ် စစ်သည် (၂၀၀)မျှကို သယ်ဆောင်ကာ မြို့ထဲသို့ ယနေ့ နေ့လယ်ပိုင်းက ဆိုက်ရောက်ခဲ့ကြောင်း AFPသတင်းဌာနက ဖော်ပြခဲ့သည်။ အစ္စလာမ်မစ် အစွန်းရောက် တပ်များသည် သောကြာနေ့ ကတည်းက ပြင်သစ်လေတပ်၏ ဗုံးကြဲမှုများကြောင့် ယင်းမြို့ကို စွန့်ခွာသွားခဲ့သည်။ 

သို့သော်လည်း ပူးပေါင်းတပ်ဖွဲ့သည် မြို့ထဲသို့ အလောတကြီး မဝင်ရောက်ဘဲ မိုင်းများနှင့် ထောင်ချောက်များကို သတိထား စစ်ဆေးပြီး ယနေ့မှ မြို့ထဲ စတင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/20777

Planet Myanmar Network

No comments:

Post a Comment