Pages

Monday, January 7, 2013

ထူးဖောင်ဒေးရှင်း နိုင်ငံကျော်ဂန္ထ၀င်အဆိုတော်ကြီးများကို ပုဂံဘုရားဖူးခရီး ပို့ဆောင်ပေးမည်

Photo: ထူးဖောင်ဒေးရှင်း  နိုင်ငံကျော်ဂန္ထ၀င်အဆိုတော်ကြီးများကို ပုဂံဘုရားဖူးခရီး ပို့ဆောင်ပေးမည်

ရန်ကုန်-ဇန်န၀ါရီ၇

ထူးဖောင်ဒေးရှင်းမှ နိုင်ငံကျော်ဂန္ထ၀င်အဆိုတော်ကြီးများအတွက် မေတ္တာဖြင့်ပံ့ပိုးစီစဉ်ပေးသော ပုဂံဘုရားဖူးခရီးစဉ်ကို ဇန်န၀ါရီ၈ရက်နေ့မှဇန်န၀ါရီ၁၀ ရက်နေ့ထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။ 
ယခုခရီးစဉ်ကိုလည်း ငွေဆောင်ခရီးစဉ်ကဲ့သို့ပင် မြန်မာ့ဂန္တဝင် ဂီတအနုပညာရှင်ကြီးများဖြစ်သော ဦးဘိုကလေးတင့်အောင်၊ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ဦးတင်ဦးလေး၊ ပျဉ်းမနားဦးမြင့်လှိုင်၊ ဦးမျိုးမြင့်လေး၊ ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ်၊ ဒေါ်တင်တင်မြ၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ထား၊ ဒေါ်ချိုဝေလွင်၊ ဒေါ်ခင်ညွန့်ညွန့်သန်း တို့အပါအဝင် သက်ကြီးအနုပညာရှင်ပေါင်း (၃၀)ကျော် ပါဝင်လိုက်ပါမည်ဖြစ်ပါသည်။
 ယခင်ငွေဆောင် ခရီးစဉ်တွင်လည်း မြန်မာ့ဂန္တဝင် ဂီတအနုပညာရှင်ကြီးများဖြစ်သော ဦးဘိုကလေးတင့်အောင်၊ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ဦးတင်လှိုင်၊ ဦးမျိုးမြင့်လေး၊ ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ်၊ ဒေါ်တင်တင်မြ၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ထား၊ ဒေါ်ချိုပြုံး၊ ဒေါ်ချိုဝေလွင်၊ ဒေါ်ခင်ညွန့်ညွန့်သန်း တို့အပါအဝင် သက်ကြီးအနုပညာရှင်ပေါင်း (၂၀)ကျော် ပါဝင်ခဲ့ပြီး ခရီးစဉ်အတွက် မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊ ထူးကုမ္ပဏီများအုပ်စုပိုင် နိုင်ငံတကာအဆင့်မှီ Aureum Palace Hotel, Myanmar Treasure Hotel တို့တွင် တည်းခိုရန်နှင့် နံနက် နေ့လည် ညစာများ စီစဉ်ပေးခြင်း၊ အမှတ်တရ ဓါတ်ပုံ ဗီဒီယိုမှတ်တမ်းများရိုက်ကူးပေးခြင်းအပြင် ငွေဆောင်ကမ်းခြေရှိ Myanmar Treasure Hotel နေရာ သဲသောင်ပြင်ဝယ် ဂီတအဆိုတော်ကြီးများ၏ မေတ္တာဖြင့်သီဆိုပေးသော အနုပညာဖျော်ဖြေပွဲကိုလည်း မြန်မာပြည်ကျောက်စိမ်း မြန်မာ့အနုပညာဂီတအဖွဲ့နှင့်အတူ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၆း၃၀ အချိန်တွင်ကျင်းပပေးခဲ့သည်။ 
မြန်မာ့ဂန္တဝင်အနုပညာရှင်ကြီးများ၏ ဖျော်ဖြေပွဲလေးကို ငွေဆောင်ကမ်းခြေ အနီးတဝိုက်ရှိ ဒေသခံပေါင်းများစွာ ပင်လယ်ကမ်းစပ် သောင်ပြင်ပေါ်ဝယ် ပျော်ရွှင်စွာလာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ mta

ဓါတ်ပုံ-ယခင်ငွေဆောင်ခရီးစဉ်တွင် မြန်မာ့ဂန္တဝင် ဂီတအနုပညာရှင်ကြီးများကိုတွေံရစဉ် 

Popular Myanmar News Journal

No comments:

Post a Comment