Pages

Monday, January 7, 2013

ပင်လယ်ပြင်တွင် သေနပ်ပစ်ခံရသဖြင့် ရခိုင်တစ်ဦးဆေးရုံရောက်ရှိနေ


ပေါက်တောမြို့နယ်မှ လေးဦးပါသောလှေတစ်စီးသည် ကမ်းဝေးသင်္ဘောမှ ငါးဝယ်ရန်သွားရောက်ခဲ့ရာ ပင်လယ်ပြင်အတွင်း ညအချိန်တွင် အမည်မသိသူတစ်စုမှ သေနပ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သဖြင့် ဦးစံသန်း မောင်(ခ)ချင်းတောင်း၊ အသက် ၃၃ နှစ်၊(ဘ) ဦးထွန်းဘော်ခိုင် မှာ ယာဘက်ဝမ်းဗိုက်တွင် သေနပ်ဒဏ်ရာ ဖြင့် စစ်တွေဆေးရုံသို့ ယနေ့ နံနက် ၉း ၃၀ နာရီအချိန်ခန့်က စစ်တွေဆေးရုံသို့ရောက်ရှိလာခဲ့ကြောင်းသိ ရပါသည်။
အဆိုပါပင်လယ်ပြင်သည် ၀ိုင်စတာမီးပြတိုက်အနီးတွင်ဖြစ်ပြီး သင်္ဘောမှ ကြက်စာငါးဝယ်၍အပြန် ည ၃း၃၀ နာရီအချိန်ခန့်တွင် လှေတစ်စီးမှ သေနပ်ဖြင့်ပစ်ကာထွက်ပြေးသွားကြောင်းသိရသည်။ မည်သူမည်ဝါ ဖြစ်သည်ကို မသိရကြောင်းလည်း ပြောပါသည်။
လှေဦးစီး(ပဲနင်း) ဦးသန်းစိန်မောင် အပါအ၀င် အဆိုပါလှေတွင် လှေသမား ၄ ဦးပါရှိပြီး ညအချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သဖြင့် မည်သူပစ်သည်ကို မသိရှိရကြောင်းလည်းသိရသည်။ အဆိုပါပင်လယ်ပြင်တွင် များသောအားဖြင့် ရာနှင့်ချီသော ဘင်္ဂလီငါးဖမ်းလှေများသာ ရှိနေတတ်သဖြင့် ရခိုင်တိုင်းရင်းသားများအ တွက် လုံခြုံမှုမရှိဖြစ်နေကြောင်းလည်းသိရသည်။
ထိုသို့အပစ်မခံရမီနေ့များကလည်း ငါးဖမ်းထွက်လာသူများ၊ ငါးဝယ်ရန်ထွက်လာသူများကို အစဉ်အမြဲ ရန် ရှာမှုများရှိခဲ့ကြောင်းလည်းသိရှိရပါသည်။ သဲခုံကျေးရွာမှ ငါးဖမ်းသမားများထိုသို့နေ့စဉ်တိုက်ခိုက်ခံနေရ သဖြင့် လုပ်ကိုင်စားသောက်မှု ပျက်ပြားနေပြီဖြစ်ကြောင်း လည်းသိရသည်။
Rakhine Straight Views

No comments:

Post a Comment