Pages

Wednesday, January 9, 2013

နေပြည်တော်ရောက် မြန်မာ မီဒီယာသမားများ

 Photo: နေပြည်တော်ရောက် မြန်မာ မီဒီယာသမားများ

=========================

" မြန်မာမီဒီယာသမားများအား နေပြည်တော်သို့ ဖိတ်ခေါ်၍ 27th SEA Games နှင့် ပတ်သက်သမျှ ရှင်းလင်းပြောပြ "

by CJMyanmar, 8.12.2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံက ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောပြရန် မြန်မာမီဒီယာသမားများအား နေပြည်တော်သို့ ဖိတ်ခေါ်ထားရာ ယနေ့ (၈၊ ၁၊ ၂၀၁၃) နေ့လည်က ၀ါရင့် အားကစားကလောင်ရှင် ဆရာ ခင်မောင်ထွေး(ပျဉ်းမနား)အပါအ၀င် မြန်မာမီဒီယာသမားများသည် နေပြည်တော်၊ အားကစားရွာသို့ရောက်ရှိကာ ၂၇ ကြိမ်မြောက် SEA Games အတွက် မြန်မာနိုင်ငံက ကြိုတင်ပြင်ဆင်နေပုံများအား လေ့လာကြည့်ရှုခဲ့ကြသည်။

နေပြည်တော်၊ အားကစားရွာတွင် တစ်နိုင်ငံ ခြံဝင်း တစ်ဝင်း(Cluster တစ်ခု)နှုန်းဖြင့် ခြံဝင်း (၁၀)၀င်း (Cluster ၁၀ ခု) ပါဝင်မည်ဖြစ်ကြောင်းသိရပြီး ယခုအခါ မြန်မာအားကစားအဖွဲ့သည် Cluster 9 တွင် နေထိုင်ရင်း လေ့ကျင့်သင်ကြားလျက်ရှိသည်။ ၂၇ ကြိမ်မြောက် SEA Games တွင် ပြိုင်ပွဲဝင် (၁၁)နိုင်ငံရှိမည်ဖြစ်သော်လည်း အချို့နိုင်ငံများမှာ အာကစားသမားအနည်းငယ်ဖြင့်သာ လာရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အချို့သော အားကစားသမားများအား ဟိုတယ်များတွင် ထားရှိမည်ဖြစ်သောကြောင့် နေပြည်တော်၊ အားကစားရွာတွင် ခြံဝင်း (၁၀)၀င်း (Cluster ၁၀ ခု) သာ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ Cluster တစ်ခုလျှင် အခန်း (၈)ခန်းပါ အဆောက်အဦ (၁၀)ခုစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲများအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်ကမ်းခြေများတွင် နေရာခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအား (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၃)၌ လည်းကောင်း၊ ပြိုင်ပွဲပိတ်ပွဲအား (၂၂၊ ဒီဇင်ဘာ၊ ၂၀၁၃)၌ လည်းကောင်း နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(အချို့သော အားကစားပြိုင်ပွဲများအား ဖွင့်ပွဲရက်မတိုင်မီ ကြိုတင်ကျင်းပဖွယ်ရှိသည်)

၂၇ ကြိမ်မြောက် SEA Games အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်နေပုံများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲမှုရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းပိုင်းဆိုင်ရာများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆေးပညာဆိုင်ရာ ပါရဂူတစ်ဦးဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်မြလေးစိန်က ရှင်းလင်းပြောကြားခဲ့ပါသည်။

မနက်ဖြန် (၉၊ ၁၊ ၂၀၁၃)နေ့တွင် နေပြည်တော်၌ ၂၇ ကြိမ်မြောက် SEA Games အတွက် မြန်မာနိုင်ငံက ကြိုတင်ပြင်ဆင်နေမှုများအား အသေးစိတ် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၇ ကြိမ်မြောက် SEA Games အကြို ဆန်းစစ် မြားပစ်ပြိုင်ပွဲတစ်ရပ်အား (၉၊ ၁၊ ၂၀၁၃) မှ (၁၄၊ ၁၊ ၂၀၁၃)ရက်အထိ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ မြားပစ်အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း CJMyanmar က သိရှိရပါသည်။
 
" မြန်မာမီဒီယာသမားများအား နေပြည်တော်သို့ ဖိတ်ခေါ်၍ 27th SEA Games နှင့် ပတ်သက်သမျှ ရှင်း
လင်းပြောပြ "

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံက ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောပြရန် မြန်မာမီဒီယာသမားများအား နေပြည်တော်သို့ ဖိတ်ခေါ်ထားရာ ယနေ့ (၈၊ ၁၊ ၂၀၁၃)နေ့လည်က၀ါရင့် အားကစားကလောင်ရှင်ဆရာ ခင်မောင်ထွေး(ပျဉ်းမနား)အပါအ၀င်  မြန်မာမီဒီယာ
သမားများသည် နေပြည်တော်၊ အားကစားရွာသို့ရောက်ရှိကာ ၂၇ ကြိမ်မြောက် SEA Games အတွက် မြန်မာနိုင်ငံက ကြိုတင်ပြင်ဆင်နေပုံများအား လေ့လာကြည့်ရှုခဲ့ကြသည်။

နေပြည်တော်၊ အားကစားရွာတွင် တစ်နိုင်ငံ ခြံဝင်း တစ်ဝင်း(Cluster တစ်ခု)နှုန်းဖြင့် ခြံဝင်း (၁၀)၀င်း (Cluster ၁၀ ခု) ပါဝင်မည်ဖြစ်ကြောင်းသိရပြီး ယခုအခါ မြန်မာအားကစားအဖွဲ့သည် Cluster 9 တွင် နေထိုင်ရင်း လေ့ကျင့်သင်ကြားလျက်ရှိသည်။ ၂၇ ကြိမ်မြောက် SEA Games တွင် ပြိုင်ပွဲဝင် (၁၁)နိုင်ငံရှိမည်ဖြစ်သော်လည်း အချို့နိုင်ငံများမှာ အာကစားသမားအနည်းငယ်ဖြင့်သာ လာရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အချို့သော အားကစားသမားများအား ဟိုတယ်များတွင် ထားရှိမည်ဖြစ်သောကြောင့် နေပြည်တော်၊ အားကစားရွာတွင် ခြံဝင်း (၁၀)၀င်း (Cluster ၁၀ ခု) သာ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ Cluster တစ်ခုလျှင် အခန်း (၈)ခန်းပါ အဆောက်အဦ (၁၀)ခုစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲများအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်ကမ်းခြေများတွင် နေရာခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအား (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၃)၌ လည်းကောင်း၊ ပြိုင်ပွဲပိတ်ပွဲအား (၂၂၊ ဒီဇင်ဘာ၊ ၂၀၁၃)၌ လည်းကောင်း နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(အချို့သော အားကစားပြိုင်ပွဲများအား ဖွင့်ပွဲရက်မတိုင်မီ ကြိုတင်ကျင်းပဖွယ်ရှိသည်)

၂၇ ကြိမ်မြောက် SEA Games အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်နေပုံများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲမှုရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းပိုင်းဆိုင်ရာများကိုအားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆေးပညာဆိုင်
ရာ ပါရဂူတစ်ဦးဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်မြလေးစိန်က ရှင်းလင်းပြောကြားခဲ့ပါသည်။

မနက်ဖြန် (၉၊ ၁၊ ၂၀၁၃)နေ့တွင် နေပြည်တော်၌ ၂၇ ကြိမ်မြောက် SEA Games အတွက် မြန်မာနိုင်ငံက ကြိုတင်ပြင်ဆင်နေမှုများအား အသေးစိတ် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၇ ကြိမ်မြောက် SEA Games အကြို ဆန်းစစ် မြားပစ်ပြိုင်ပွဲတစ်ရပ်အား (၉၊ ၁၊ ၂၀၁၃) မှ (၁၄၊ ၁၊ ၂၀၁၃)ရက်အထိ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ မြားပစ်အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း CJMyanmar က သိရှိရပါသည်။

Myanmar1

No comments:

Post a Comment