Pages

Wednesday, January 9, 2013

နွားများ ပြည်ပ တင်ပို့ရောင်းချနိုင်ရန် အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည်

 

အသားစားနွား မွေးမြူသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ နွားအရှင်များနှင့်အသားများကိုတင်ပို့ ရောင်းချနိုင်
ရန်အတွက် ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည်ဟု သိရသည်။

“နွားမွေးမြူသူတွေ အနေနဲ့ ပြည်ပ တင်ပို့ဖို့ စနစ်တကျ မွေးထားမယ်၊ကျန်းမာရေး စောင့်ရှောက်မှုတွေလုပ်
ထားမယ်၊ ပြည်ပနိုင်ငံတွေက ဝယ်သူကိုလည်း ချိတ်ထားမယ်၊ ပြည်ပ တင်ပို့ရောင်းချဖို့ အသင့်ဖြစ်ပြီဆိုရင်
 မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကအထူးအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု မွေးမြူရေးနှင့်ကုသရေး
 ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး က မဇ္ဈိမကို ပြောသည်။

အထူးအဖွဲ့အနေဖြင့်တိရိစ္တာန်အစားအစာ ကျွေးမွေးမှုပုံစံနှင့် ရောဂါကင်းမကင်းကိုမသတ်ဖြတ်မီစစ်ဆေးခြင်း
တို့ပြုလုပ်၍ ရောဂါကင်းရှင်းမှသာ သတ်ဖြတ်ခွင့်ပေးမည်ဟု ဆိုသည်။

“ပြည်တွင်းကော ပြည်ပပါ စစ်ဆေးပြီးမှ စားသုံးသင့် မသင့် ကျန်းမာရေး ထောက်ခံချက် ပေးတာမျိုးတွေ
ကိုဆောင်ရွက်မှာပါ” ဟု ဦးအောင်ကြီး က ဆက်ပြောသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင်ပို့ပေးနေမှုကို ဇူလိုင် လလယ်ပိုင်းမှ စတင် ရပ်ဆိုင်းထားခဲ့သည်။ ထို့ကြောင့် ခွာနာလျှာနာ ကင်းရှင်းသည့် ဒေသများနှင့် ရောဂါကျရောက်မှု လုံးဝမဖြစ်သည့် ဒေသများမှ မွေးမြူရေး နွားများကို လက်ခံဝယ်ယူမည် ဆိုပါက ရောဂါကင်းရှင်းကြောင်း စစ်ဆေးပေးသွားမည် ဟု ဒေါက်တာအောင်ကြီး က ဆိုသည်။

၎င်းဌာနအနေဖြင့် တိရိစ္တာန်ရောဂါ ကာကွယ်ဆေး ထိုးထားပါကလည်း တပတ်အတွင်း စားသောက်ခွင့် မပြုဟု သတ်မှတ်ခြင်း၊ သတ်မှတ်ပြီး အသားစိမ်းများကိုစစ်ဆေးပြီးမှ ရောင်းချခွင့်ပြုခြင်းများ ပြုလုပ်သွားမည်
ဟု သိရသည်။

မြန်မာနိုင်ငံမှ ခိုင်းနွားများကို ပြည်ပသို့ တင်ပို့ခွင့် မပြုသော်လည်း မွေးမြူရေး နွားအရှင်များကို ကျောက်ဖြူ
 ရေနက်ဆိပ်ကမ်းမှတဆင့် မလေးရှားနိုင်ငံသို့ ၂၀၀၄ ခုနှစ်မှ စ၍ သုံးနှစ် တင်ပို့ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အေးခဲအမဲသားကို တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ တင်ပို့ ရောင်းချခဲ့ပြီး သိုး၊ဆိတ်အမဲအရှင်များကို ၂၀၁၁ ခုနှစ်အထိ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း
 ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အေးခဲ အမဲသား ပြည်ပတင်ပို့ခဲ့မှုမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့သည်။   
မဇ္စျိမ   
 

No comments:

Post a Comment