Pages

Thursday, January 10, 2013

“နိုင်ငံတကာမြင်းစီးပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် တတိယအကြိမ်မြောက် မြန်မာလက်ခံ ကျင်းပမည်”

Photo: “နိုင်ငံတကာမြင်းစီးပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် တတိယအကြိမ်မြောက် မြန်မာလက်ခံ ကျင်းပမည်”

ရန်ကုန်၊ ဇန်န၀ါရီ ၁၀ 

နိုင်ငံတကာ မြင်းစီးပြိုင်ပွဲအား နှစ်ပေါင်း ၄၀ အတွင်း တတိယအကြိမ် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးငြိမ်းကျော်က ပြောသည်။
“ဒီနှစ် ဆီးဂိမ်း မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် မြင်းစီးကိုလည်း ကျင်းပမှာပါ။ လောလောဆယ် မြင်းစီးကို အမျိုးအစား ၄ မျိုး ထည့်ထားပါတယ်” ဟု ၎င်းကပြောသည်။  

မြင်းစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးအစားများအဖြစ် မြင်းအလှစီးပြိုင်ပွဲ၊ တန်းခုံပြိုင်ပွဲ၊ ခရီးဝေးပြိုင်ပွဲနှင့် မြင်းလိမ္မာပြိုင်ပွဲများ ပါဝင်မည်ဟု သိရသည်။
“ရန်ကုန် မြင်းစီးအဖွဲ့ချုပ်မှာလည်း လေ့ကျင့်မှုတွေ ရှိတယ်။ ပုဂံမှာလည်း Club တစ်ခုရှိပါသေးတယ်။ ဒီနှစ်ဖွဲ့ပေါင်းပြီး ပြိုင်ပွဲဝင်ဖို့ ရွေးချယ်သွားပါမယ်”ဟု ဦးငြိမ်းကျော်  ကဆက်ပြောသည်။

မြင်းစီးအဖွဲ့ချုပ်သည် ၁၉၈၇ ခုနှစ်မှ စတင်၍ စိန်လှံဖလား မြင်းစီးပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့ကြောင်း သိရသည်။ ၁၉၈၈ ခုနှစ်တွင် မြင်းစီးအဖွဲ့ချုပ်မှ ပထမအကြိမ် နိုင်ငံတကာပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေဖလား ရရှိခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဘရူနိုင်းဘုရင် ဖလားပြိုင်ပွဲ၌ ရွှေဖလား ရရှိခဲ့ကြောင်း သိရသည်။

ရန်နိုင်
နိုင်ငံတကာ မြင်းစီးပြိုင်ပွဲအား နှစ်ပေါင်း ၄၀ အတွင်း တတိယအကြိမ်အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှ ပြုလုပ်
သွားမည်ဟု မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးငြိမ်းကျော်က ပြောသည်။
“ဒီနှစ် ဆီးဂိမ်း မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် မြင်းစီးကိုလည်း ကျင်းပမှာပါ။ လောလောဆယ် မြင်းစီးကို အမျိုး
အစား ၄ မျိုး ထည့်ထားပါတယ်” ဟု ၎င်းကပြောသည်။

မြင်းစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးအစားများအဖြစ် မြင်းအလှစီးပြိုင်ပွဲ၊ တန်းခုံပြိုင်ပွဲ၊ ခရီးဝေးပြိုင်
ပွဲနှင့် မြင်းလိမ္မာပြိုင်ပွဲများ ပါဝင်မည်ဟု သိရသည်။
“ရန်ကုန် မြင်းစီးအဖွဲ့ချုပ်မှာလည်း လေ့ကျင့်မှုတွေ ရှိတယ်။ ပုဂံမှာလည်း Club တစ်ခုရှိပါသေးတယ်။ ဒီနှစ်ဖွဲ့ပေါင်းပြီး ပြိုင်ပွဲဝင်ဖို့ ရွေးချယ်သွားပါမယ်”ဟု ဦးငြိမ်းကျော် ကဆက်ပြောသည်။

မြင်းစီးအဖွဲ့ချုပ်သည် ၁၉၈၇ ခုနှစ်မှ စတင်၍ စိန်လှံဖလား မြင်းစီးပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့ကြောင်း သိရသည်။ ၁၉၈၈ ခုနှစ်တွင် မြင်းစီးအဖွဲ့ချုပ်မှ ပထမအကြိမ် နိုင်ငံတကာပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေဖလား ရရှိခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဘရူနိုင်းဘုရင် ဖလားပြိုင်ပွဲ၌ ရွှေဖလား ရရှိခဲ့ကြောင်း သိရသည်။
Popular Myanmar News Journal

No comments:

Post a Comment