Pages

Thursday, January 10, 2013

စစ်မှုထမ်းနေသော ရိန်း ပြစ်ဒဏ် ပေးခံရ


တောင်ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင် ရိန်းသည် စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း စစ်စည်းကမ်း များကို ဖောက်ဖျက်ကာ အပြင်သို့ ထွက်သည်ဟု စစ်ဆေး တွေ့ရှိခဲ့သောကြောင့် စစ်တန်းလျား တွင် သီတင်း တစ်ပတ်ကြာ နေထိုင်ရန် ကန့်သတ်ခံရကြောင်းဆိုးလ်ရှိ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။

အမျိုးသမီးများ အသည်းစွဲ အသက် ၃ဝ အရွယ်ရှိပြီ ဖြစ်သည့် ရိန်းသည် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ လာမည့် ဇူလိုင်လ အထိ တောင်ကိုရီးယား တပ်မတော် တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ရိန်းသည် တပ်မ တော်တွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း တောင်ကိုရီးယား နိုင်ငံ၏ အလှဘုရင်မ ဘွဲ့ကို ရရှိထားသော မင်းသမီးချော ကင်မ်တေဟီးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် အပြင်သို့  ထွက်၍ တွေ့ဆုံခဲ့သည်ဟု ပြီးခဲ့ သည့် သီတင်းပတ်က သတင်းများ ထွက်ပေါ်ခဲ့ရာ ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ ကိစ္စကို စုံစမ်း စစ်ဆေး ခဲ့ရာ ၎င်းပြစ်ဒဏ်မှာ အလျော့ပေါ့ဆုံး ပြစ်ဒဏ်ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment