Pages

Tuesday, January 22, 2013

“အေမန်နက်စ် ဓာတ်ငွေ့စက်ရုံအတွင်း အယ်လ်ဂျီးရီးယားတပ်ဖွဲ့များ ရှာဖွေရှင်းလင်း”

Photo: “အေမန်နက်စ် ဓာတ်ငွေ့စက်ရုံအတွင်း အယ်လ်ဂျီးရီးယားတပ်ဖွဲ့များ ရှာဖွေရှင်းလင်း”

အယ်လ်ဂျီးရီးယား အစိုးရ တပ်ဖွဲ့များသည် (၄)ရက်ကြာမြင့်သည့် သွေးစွန်းသော စီးနင်း တိုက်ခိုက်မှု အပြီးတွင် ဓာတ်ငွေ့စက်ရုံ အတွင်းမှ အလောင်းများ အရေအတွက် တိုးမြှင့် ကောက်ယူနေရဆဲ ဖြစ်သည်။ 

ဆာဟာရ ကန္တာရ အတွင်းရှိ အေမန်နက်စ် ဓာတ်ငွေ့စက်ရုံကို အစိုးရ ဆန့်ကျင်ရေး သူပုန်အဖွဲ့က စီးနင်းထားရာ အယ်လ်ဂျီးရီးယား အထူးတပ်ဖွဲ့များက ချေမှုန်း တိုက်ခိုက်ခဲ့သည့်နောက် အသေအပျောက် အများအပြားနှင့် ပြီးဆုံးခဲ့သည်။ 

"အကောင်းအတိုင်း အလောင်း(၂၀)လောက် ပြန်ရတယ်"ဟု အယ်လ်ဂျီးရီးယား အစိုးရ တာဝန်ရှိသူ တစ်ဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။  မနှစ်မြို့ဖွယ် တိုက်ပွဲနောက်ဆက်တွဲ တစပြင် အတွင်းတွင် အယ်လ်ဂျီးရီးယား တပ်ဖွဲ့များသည် နောက်ထပ် အလောင်းများစွာကို ဖော်ထုတ်နေဆဲ ဖြစ်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/20776

Planet Myanmar Network

No comments:

Post a Comment