Pages

Tuesday, January 29, 2013

RCSS / SSA တပ်ဖွဲ့များ ရှမ်းပြည်နယ်နေ့အတွက် အဓမ္မလူသစ်စု

ဇန်န၀ါရီ(၂၉)



RCSS/SSA  ယွက်ဆစ်အဖွဲ့များသည် ဖေဖော်ဝါရီ (၇) ရက်နေ့တွင် ကျရောက် မည့် ရှမ်းပြည်နယ်နေ့ အတွက် ဇန်န၀ါရီလ နောက်ဆုံးအပတ်မှ စတင်ပြီး တပ်သားသစ်များ အဓမ္မ စုဆောင်း နေကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်အတွင်းရှိ ၀မ်လောကျေးရွာ၊ ပန်ဟုတ်ကျေးရွာနှင့် အခြားရွာများမှ တစ်ရွာလျှင် ကျား (၁၀) ဦးနှင့် မ (၁၀) ဦးအား ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် လွယ်တိုင်းလျှံ၌ ပြုလုပ်မည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ မဖြစ်မနေတက်ရောက်ရမည်ဟု ပြောထားကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည် ယခင်နှစ်ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော်တွင်လည်း ယခုကဲ့သို့ အကြောင်းပြချက်များဖြင့် လူ (၁၀၀၀) ကျော်ကို အဓမ္မ ခေါ်ဆောင်သွားကာ လွယ်တိုင်းလျှံတွင် တပ်သားသစ်သင်တန်းပေးပြီး စစ်မှုထမ်းစေခဲ့သည်။ ထိုတပ်သားသစ် များထဲမှ အယောက် (၁၀၀)ကျော် ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တစ်ချို့မှာ ယွက်ဆစ်အဖွဲ့၏ ပြန်လည်ဖမ်းဆီးခြင်းခံရကာ အသတ်ခံခဲ့ရကြောင်း သိရသည်။

“ အရင်တစ်ခေါက်တုန်းက လက်အောက်ကအဖွဲ့တွေနဲ့ ငွေပေးပြီး ညှိလို့ရတယ်။ ဒါပေမယ့် ပြန်ပြေး လာတဲ့ သူတွေများတော့ ဒီတစ်ခေါက်တော့ မလွယ်တော့ဘူး။ ဒီရှမ်းပြည်နယ်နေ့ပွဲကို သွားရင် ပြန် လမ်းမရှိဘူး ဆိုတာ သိပေမယ့် မသွားပြန်ရင်လည်း အသတ်ခံရမယ်။ ကျွန်တော်တို့အတွက် ရွေး စရာလမ်းကနည်းနေပြီ။ ရှမ်းနှစ်ကူးပွဲနဲ့ ရှမ်းပြည်နယ်နေ့တွေဆိုရင် အားလုံးက ပျော်ရွှင်နေရမဲ့ အစား ကြောက်နေကြပြီ ” ဟု ကွန်ဟိန်း မြို့ဒေသခံများမှ ပြောပြသည်။ ယွက်ဆစ်အဖွဲ့၏ ရှမ်းပြည်နယ်နေ့တက်ရောက်ရန် ပြောကြားထားသောရွာများမှ မိသားစုများမှာ အခြားဒေသများ သို့ ပြောင်းရွှေ့နေကြပြီး အချို့မှာ ယွက်ဆစ်၏ လက်အောက်ခံ တပ်မှူးများနှင့် ငွေပေး ပြီး ညှိနှိုင်းနေ ကြကြောင်း သိရသည်။

No comments:

Post a Comment