Pages

Thursday, February 21, 2013

ဒက္ကားတွင် ကျင်းပမည့် လေးနိုင်ငံ BCIM အစည်းအဝေး မြန်မာ တက်ရောက်မည်

ဖေဖော်ဝါရီ(၂၁)



ဘင်္ဂလာ ဒေခ်ျ့- တရုတ်- အိန္ဒိယ- မြန်မာ လေးနိုင်ငံဖြင့် ဖွဲ့စည်းထားသော BCIM ( Bangladesh-China-India-Myanmar)  ၏ ၁၁ ကြိမ်မြောက် ဖိုရမ် ဆွေးနွေးပွဲကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ တက်ရောက် မည်ဟု သတင်း ရရှိသည်။
ဆွေးနွေးပွဲသို့ တက်ရောက်မည့် တတ်သိ ပညာရှင်များ ပါဝင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်မည်ဟု ဆိုသည်။

၁၁ ကြိမ်မြှောက် BCIM ဖိုရမ် (Forum) ကို  ဘင်္ဂလာဒေခ်ျ့ နိုင်ငံ Center for Policy Dialogue (CPD)  အဖွဲ့မှ ကမကထပြု ဦးစီး ကျင်းပသွားမည်ဟု ဆိုသည်။
ဆွေးနွေးမည့် အကြောင်းအရာမှာ လက်ရှိ BCIM အဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မူ အပေါ် အာရုံပြု ဆွေးနွေးမည် ဖြစ်ပြီး ထိုအထဲတွင် အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မူအတွက် အခွင့် အလန်း သစ်များနှင် စိန်ခေါ်မူသစ်များကိုလည်း  ဆွေးနွေးကြမည် ဖြစ်သည်ဟု ဆိုသည်။
ယခု ဆွေးနွေးပွဲ ( ဖိုရမ်) တွင် အဓိက အာရုံစိုက် ကြမည့် နယ်ပယ်များမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမူ၊ ဘဏ္ဍာရေး၊ ခေတ်မှီ နည်းပညာများနှင့် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမူ တို့ဖြစ်ကြ သည်ဟု CPD ဒါရိုက်တာ ပရော်ဖက်ဆာ မူစတာဖါဇူ ရာဟမာန်က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဒက္ကားမြို့တော်ရှိ တရုတ်က ဆောက်လုပ်ပေးထေားသော တရုတ်-ဘင်္ဂလာဒေခ်ျ့ မိတ်ဆွေ  စင်တာ ခန်းမတွင်  ကျင်းပမည် ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက အခမ်းအနားကို ဖွင့်လှစ်ပေးမည် ဟု သိရသည်။
BCIM အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေ ဈေးကွက်မှာ လူပေါင်း ၂ ဒဿမ ၈ ဘီလီယံရှိပြီး GDP  အဆင့်မှာ ၂၀၁၁ ခုနှစ်က အဆိုပါ ဒေသအတွင်း အမေရိကန် ဒေါ်လာ ၉ ဒဿမ ၃ တြီလီယံ ရှိသည်ဟု ဆိုသည်။

www.MyanmarExpress.net

No comments:

Post a Comment