Pages

Thursday, February 21, 2013

နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ(၂၁)


ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့အနီးတွင် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က မူဆယ်မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ မူးယစ်အထူးအဖွဲ့၊ နမ့်ခမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ နမ့်ခမ်းမြို့၊ နမ့်တီးရွာ နှင့် လွယ်လင်ကန်ရွာသွား ကားလမ်းပေါ်ရှိ ကျောင်ဟိုက်ပင်း မောင်းနှင်လာသည့် 125 ဆိုက်ကယ်အား ရပ်တန့် ရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်အား ရပ်တန့်စေခိုင်းရာတွင် ကျောင်ဟိုက်ပင်းသည် ခုန်ချထွက်ပြေးသဖြင့် ရေမြောင်းအတွင်း ပြုတ်ကျခဲ့ပြီး ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ကြောင်း နမ့်ခမ်းမှ ခရီးသွားများက ပြောပြပါသည်။

ကျောင်ဟိုင်ပင်း ဆိုင်ကယ်အား စစ်ဆေးရာတွင်  ဆိုင်ကယ်ခွကြားအတွင်း မြွှေရေခွံအိတ်ဖြင့် ထုပ်ထားသော ဘိန်းမဲ(၈၀၀)ဂရမ်ခန့်နှင့် ဆိုင်ကယ် အဲယားကလင်တာအတွင်း ပလပ်စတစ် အိတ်ဖြင့် ထုပ်ထားသော ဘိန်းမဲ(၄၀၀) ဂရမ်ခန့်၊ စုစုပေါင်း ဘိန်းမဲအလေးချိန်  ၁ ဒသမ ၂ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုးကျပ်(၁၀)သိန်းခန့် ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ကျောင်ဟိုင်ပင်း (ကွတ်ခိုင်မြို့နေသူ)အား နမ့်ခမ်းရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment