Pages

Monday, February 25, 2013

မန္တလေးတိုင်းအမရပူရမြို့နယ် ရေသန့်စက်ရုံ မီးလောင်မှုမြင်ကွင်းများ

ဖေဖော်ဝါရီ(၂၅)



မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ် ဆင်စွယ်ပွတ် ရပ်ကွက်ရှိ ရေသန့်စက်ရုံ တစ်ရုံ၌ ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ ၃နာရီ မိနစ်၂၀ ဝန်းကျင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။



၎င်းမီးလောင်ကျွမ်းမှု ကို ညနေ ၄နာရီ ၁၀မိနစ်တွင် ငြိမ်းသတ် နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းသည့် အကြောင်းရင်းကို တိကျစွာ မပြောနိုင်သေး သော်လည်း စက်ရုံရှေ့ရှိ မီးစက်နှင့် အခြားစက်များ ရှိသည့် ဂိုဒေါင်မှ ဝါယာရှော့ ဖြစ်ကာ လောင်ကျွမ်းသည်ဟု အကြမ်းဖျင်း သုံးသပ်ကြောင်း မီးငြိမ်းသတ်ခဲ့သည့် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

“အဲဒီစက်တွေက မီးတွေက အုံး အုံးနဲ့ ထလောင်တာ၊ ရေနဲ့ငြိမ်းတော့ ပိုလောင်တယ်။ ဘေးနားတိုက်မှာ မီးသတ်ဆေးဘူး ရှိလို့ တော်သေးတာပေါ့” ဟု ဝိုင်းဝန်း ငြိမ်းသတ်ပေးခဲ့သည့် ဒေသခံ တစ်ဦးက ဆိုသည်။





သတင်း
The Voice Weekly

No comments:

Post a Comment