Pages

Monday, February 18, 2013

တာချီလိတ်မြို့နယ်အတွင်း ဓားထိုးမှုဖြစ်ပွား


ဖေဖော်ဝါရီ(၁၈)


ရှမ်းပြည်နယ် တာချီလိတ်မြို့ မိုင်းဖုန်း(က)အုပ်စုမှ ဦးလောဒူးနှင့် ဇနီးသည်တို့နှစ်ဦးအား အမည်မသိ လူစိမ်း(၁)ဦးမှ ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ဓားဖြင့်ထိုးခဲ့သဖြင့် ဒဏ်ရာရ/သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း(က)အုပ်စု၊ နမ့်မလွှတ်ကျေးရွာတွင် နေထိုင်သော ဦးလောဒူးနှင့် ဒေါ်ခေးဒူ လင်မယား (၂)ယောက်သည် ရွာအရှေ့တောင်ဘက်ရှိ လယ်တွင်းမှအပြန်တွင် အမည်မသိ လူစိမ်းတစ်ဦးမှ ဓားဖြင့် ၀င်ရောက်ထိုးနှက်ခဲ့ရာ ဦးလောဒူးသည် ဓားဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ ပြီး ဒေါ်ခေးဒူ သည် ဓားဒဏ်ရာများနှင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်ခေးဒူနှင့် ဒဏ်ရာရရှိသွားခဲ့သူ ဦးလောဒူးတို့အား ၀မ်ပုံရွာမှတစ်ဆင့် တာချီလိတ် ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ထားခဲ့ပြီး ၀မ်ပုံရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment