Pages

Monday, February 18, 2013

တာချီလိတ်မြို့တွင် ကာမစိတ်ကြွဆေးများ ဖမ်းဆီးရမိ


ဖေဖော်ဝါရီ(၁၈)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်းရှိ ဆေးဆိုင်တစ်ဆိုင်မှ အမျိုးသား/အမျိုးသမီး သုံး ကာမစိတ်ကြွဆေးမျိုးစုံတို့အား ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် တာဝန်ရှိသူများမှ ဖမ်းဆီးသိမ်း ဆည်းနိုင် ခဲ့ ကြောင်း သိရသည်။

တာချီလိတ်ရဲစခန်းမှ ဒုရဲအုပ်မြင့်ထွေး ဦးစီးအဖွဲ့များ၊ ခရိုင်ကျန်းမာရေးမှူး၊ မြို့နယ်စည်ပင် သာယာရေးမှ ဒုဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ သတင်းအရ တာချီလိတ်မြို့၊ တာလော့ ရပ်ကွက်၊ ချယ်ရီလမ်းရှိ ဦးပေါင်းဟန်နန်း၏ ဈေးဆိုင်သို့ ၀င်ရောက်ရှာဖွေ ရာမှ တရားမ၀င် ကာမစိတ်ကြွဆေးဝါး များ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းရမိသော ကာမစိတ်ကြွဆေးဝါးများမှာ အမျိုးသမီးပုံပါ အမျိုးသမီးတန်ဆာ လိမ်းဆေးဗူး (၄)ဗူး၊ အမျိုးသမီးလိင်စိတ်ကြွဆေး ကော်ဖီမစ်ထုတ်(၁၅)ထုတ်ပါ(၁)ဗူး၊ ကျားခေါင်းတံဆိပ်(၄)လုံးပါ ကျားဟော်မုန်း ဆေး(၇)ကဒ်၊ အမျိုးသားပုံ(၄)လုံးပါ အနီရောင် ကျားဟော်မုန်းဆေး(၅)ကဒ်၊ Magical Force Group Capsule တံဆိပ်ပါ ကျားဟော်မုန်းဆေး(၅)ဗူး၊ AF-rice Cool Man တံဆိပ်ပါ ကျားဟော်မုန်းဆေး(၂)ဗူး၊ Bnapa N3 Pac Tehnn တံဆိပ်ပါ ကျားဟော်မုန်းဆေး(၂)ဗူး၊ US Viagra တံဆိပ်ပါ မဟော်မုန်းဆေး(၂)ဗူး၊ Channel 5 တံဆိပ်ပါ မဟော်မုန်းဆေး(၂)ဗူးနှင့် America Superman တံဆိပ်ပါ ကျား/မ ဟော်မုန်းဆေး(၂)ဗူး တို့ဖြစ် ကြောင်း တာလော့ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောပြသည်။

ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အာရုဏ်ဦး ကွမ်းယာ ဆိုင်မှ ကာမစိတ်ကို ထကြွစေသည့်  ဆေးဝါးများ၊ ဖမ်းဆီးနိုင်ခဲ့သည်။ ယခုဖမ်းဆီးရမိသော တာချီလိတ်မြို့ မှ တရားခံဦးပေါင်းဟန်နန်း အား တာချီလိတ်ရဲစခန်းမှ (ပ)၃၈/၂၀၁၃ အမျိုးသားဆေးဝါး များ ဥပဒေပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment