Pages

Thursday, February 7, 2013

အင်းလေးဟိုတယ်ဇုန် မြေနေရာများအတွက် ဖေဖော်ဝါရီလကုန်တွင် လျှောက်လွှာခေါ်ယူမည်

ဖေဖော်ဝါရီ(၇)


ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဟို တယ်ဇုန်မြေနေရာချထားမှုများ အတွက် ဖေဖော်ဝါရီလကုန်တွင် သတင်းစာမှလျှောက်လွှာများ ခေါ် ယူသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ(၅)ရက် (၁၀း၀၀) နာရီအချိန် ညောင်ရွှေမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော အင်းလေးဒေသ ဟိုတယ်ဇုန်ဖော် ထုတ်ရေးစီမံကိန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရသတင်းထုတ် ပြန်ရေးအဖွဲ့၏ သတင်းစာရှင်း လင်းပွဲတွင် အဖွဲ့ခေါင်းဆောင် ရှမ်း ပြည်နယ်အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးခွန် သိန်းမောင်က ပြောကြားသည်။
ဝန်ကြီးက ရှင်းလင်းပြော ကြားခဲ့ရာတွင် အင်းလေးဒေသ ဟိုတယ်ဇုန်စီမံကိန်း အကောင် အထည်ဖော်ရာမှာ ဒေသတွင်းနဲ့ အနည်းငယ်ပြေလည်မှုမရှိသေးတာ ကြောင့် နှောင့်နှေးနေရခြင်း ဖြစ်ပြီး ယခုအခါ ဒေသခံများ အနေနဲ့ ပူးပေါင်းဆောင်ရွက် နေပြီဖြစ်တာကြောင့် မြေကွက် လျှောက်ထားရေးအတွက် နောက်အကျဆုံး ဖေဖော်ဝါရီလ ကုန်တွင် သတင်း စာမှ ကြော်ငြာခေါ်ယူနိုင်မည်လို့ ခန့်မှန်းရကြောင်း ပြောကြားသွား ခဲ့သည်။
အင်းလေးဟိုတယ်ဇုန်ကို အင်းလေးကန်ရှုခင်းအား မြင်နိုင် ခံစားနိုင်မည့် အင်းလေးကန်၏ အရှေ့ဘက်သစ်တောဦးစီးဌာနပိုင် ကြိုးဝိုင်းမြေ(၆၂၂)ဧကတွင် သစ် တောဦးစီးဌာနက ဟိုတယ်နှင့် ခရီး သွားလာလုပ်ငန်းထံမှ နှစ်(၃၀) အခြေခံပြီး ငှားရမ်းလုပ်ကိုင်သွား ခြင်းဖြစ်ပြီး၊ ဟိုတယ်စီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ခြင်း၊ လူမှုပတ်ဝန်းကျင်ထိန်းသိမ်း ခြင်းကိစ္စရပ်များအပါအ၀င် သတ် မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ် ကြောင်း၊  ပြည်ပမှလုပ်ငန်းရှင်များ သာမက ပြည်တွင်းလုပ်ငန်းရှင်များ နှင့်ဒေသခံလုပ်ငန်းရှင်များကိုပါ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း သိရသည်။

The Hot News Weekly Journal
 

No comments:

Post a Comment