Pages

Thursday, February 7, 2013

ပြည်-အောင်လံကားလမ်းပေါ်တွင် ဆိုင်ကယ်နှင့်ကားတိုက်ကာ လူတစ်ဦးသေဆုံး

ဖေဖော်ဝါရီ(၇)


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊   ပြည်မြို့နယ်၊ ပြည်-အောင်လံလမ်း၊  တွင် ဆိုင်ကယ် နှင့် LIGHT TRUCK မော်တော်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားရာလူတစ် ဦးအခင်းဖြစ်နေရာတွင်  ပွဲချင်းပြီး သေဆုံးကြောင်း သတင်းရရှိ သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် ညနေ (၄) နာရီ (၁၀) မိနစ်အချိန်   ခန့်က ပြည်မြို့ ပြည်-အောင်လံ  ကားလမ်း မိုင်တိုင်အမှတ် (၁၈၅/၃) နှင့် (၁၈၅/၄) ကြားတွင် ပြည်ဘက်  မှ အောင်လံဘက်သို့ကို စံမျိုးလင်း  ကြွယ် (၃၀) နှစ်၊ ထီရောင်း၊ ရွှေတောင်မြို့နေသူမောင်းနှင်ပြီး  နောက်မှ ဦးညွန့်ဝေ (၄၅) နှစ်၊ ရွှေတောင်မြို့နေသူလိုက်ပါလာ သော (၁ယ/၄၉၂၂၇) စူပါကပ်၊  ဟွန်ဒါခဲရောင်ဆိုင်ကယ်နှင့် ၎င်းလမ်းအတိုင်း အောင်လံဘက်မှ ပြည်ဘက်သို့ဦးတင်မောင်ဆွေ (၅၇) နှစ်၊ ယာဉ်မောင်း၊ နတ်လမ်း  ၀က်ထီးကန်မြို့နေသူမောင်းနှင်လာ သော ၆ခ/၉၁၈၃LIGHT TRUCK နီညိုရောင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိကာ ဆိုင် ကယ်လဲကျတိမ်းမှောက်ပြီး ဦးညွန့်ဝေမှာ နဖူးချိုင့်ဝင်သွေး ထွက်ဒဏ်ရာဖြင့် အခင်းဖြစ် နေရာတွင်ပွဲချင်းပြီးသေဆုံး ကာကိုစံမျိုးလင်းကြွယ်မှာနာကျင် ဒဏ်ရာ (မစိုးရိမ်ရ) အချို့တို့ ရရှိခဲ့ ကြောင်း  သိရှိရသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍LIGHT TRUCK ကား (နီညိုရောင်) မောင်းနှင်သူ ဦးတင်မောင်ဆွေ (ယာဉ်မောင်း) ကို ဥပဒေအရအရေးယူပေးပါ ရန်  ဒုရဲအုပ်ဟိန်းဝဏ္ဏကတိုင် ကြားခဲ့ရာ ပြည်အမှတ် (၃)ရဲစခန်း မှ (ပ) ၃၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄- က/၃၃၈ (ယာဉ်)ဖြင့် အမှုဖွင့်လျက်ရှိကြောင်း သိရ သည်။
LIGHT TRUCKကား မောင်းနှင်သူဦးတင်မောင်ဆွေမှာ  အခင်းဖြစ်စဉ်တိမ်းရှောင်နေသဖြင့်   အမြန်ဆုံးဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

The Hot News Weekly Journal
 

No comments:

Post a Comment