ရထားကြိတ်၍ လူတစ်ဦး သေဆုံး
ဖေဖော်ဝါရီ(၂၆)
၂၅-၂-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ဘူတာ အပြင်အချက်ပြအလံတိုင်အနီး မိုင်တိုင်အမှတ်(၄၉၆/၅-၆)သံလမ်းကြားတွင်
အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်း သတင်းအရ
ထန်းတပင်ရဲစခန်းနှင့် ထန်းတပင်ဘူတာရဲကင်းတို့မှ တပ်ဖွဲ့ဝင်များသည်
မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး
ဦးခေါင်းမှ ပေါင်ကြားအထိ အလျားလိုက် ၂ ခြမ်းကွဲဒဏ်ရာဖြင့်
ရထားကြိတ်ခံရပြီး သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် အလောင်းအား
ထန်းတပင်ဆေးရုံသို့ ပို့အပ်၍ ထန်းတပင်ရဲစခန်း သေမှုသေခင်း
အမှတ်စဉ်(၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment