Pages

Tuesday, February 26, 2013

နောင်ချိုဒေသခံတို့၏ သဘောထားများ တောင်းခံခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ

ဖေဖော်ဝါရီ(၂၆)
နောင်ချိုမြို့ဒေသခံများနှင့်တွေ့ဆုံ၍ သဘောထားတောင်းခံရန်အတွက်ရှမ်းပြည်နယ်လွှတ်တော် ဥတ္ကဌ ဦးစိုင်းလုံဆမ်နှင့်အဖွဲ.မှာရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့သို့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့က လာရောက် ခဲ့သည်။
နောင်ချိုမြို့နယ်နေပြည်သူများမှ နောင်ချိုမြို့တောင်ပိုင်း စစ်တပ်မှသိမ်းယူထားသော မြေဧက (၂၀၀)ကျော်အား သက်ဆိုင်ရာတောင်သူများမှပြန်လည်ရရှိရေး၊ တိုးဂိတ်လျော့ချသတ်မှတ်ရေး၊ ဆီစုံအုပ်စုအတွင်းခိုင်ခန့်သောတံတားများ တည်ဆောက်ရေး၊ တွဲဖက် အထက ကျောင်းများအတွက် ဆရာ/ဆရာမဖြည့်တင်းရေးကိစ္စများ တောင်းဆိုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

“မြို့နယ်ကိစ္စအတွက်နဲ့ ၀န်ကြီး ရောက်နေတာပါ၊ ဟုတ်ပါတယ်”မြေစာရင်းဦးစီးဋ္ဌာနမှ လက်ထောက် ဦးစီးမှူးက အတည်ပြုပြောကြားသည်။

မန္တလေးလားရှိုးလမ်းတစ်လျှောက်တွင်မိုင်၃၀ ကျော်တွင်တိုးဂိတ်တစ်ဂိတ်သာထားရှိရမည့်အစား နောင် ချိုနှင့်ပြင်ဦးလွင်အကြား ၁၆မိုင်အကွာ၌ ဘန်ဘွေးတိုးဂိတ်တစ်ခုအပို ရှိနေသောကြောင့် ကုန်စည် ပို.ဆောင်ရေး နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ မိဘပြည်သူယာဉ်ပိုင်ရှင်များမှ ယာဉ် ဖြတ်
သန်းခ အသွားအပြန် တစ်ဂိတ်စာအပိုပေးဆောင်နေရသည့်အတွက် ဘန်ဘွေး တိုးဂိတ် အား ဖြုတ်ပေးစေရေး ဒေသခံများမှတောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

“အရင်ကနဲ့ မတူတော့ဘူး အခုလို လူကြီးကိုယ်တိုင်လာရောက်ပြီးကိုယ့်ပြည်
နယ်ကောင်းရာ ကောင်း ကြောင်း လာဆောင်ရွက်ပေးတယ်ဆိုတော့ဝမ်း
သာတယ်”ဟု နောင်ချိုမြို့ခံတစ်ဦးဖြစ်သူ ကိုမျိုးက ပြောသည်။

နောင်ချိုမြို.နယ် ဆီဆုံကျေးရွာအုပ်စုမှနောင်ချိုမှဆီဆုံသို့သွားရာလမ်း
တစ်လျှောက်တွင် ချောင်း များစွာ ဖြတ်သန်း သွားရသော်လည်း ကောင်းမွန်
သောတံတားများတစ်စင်းမှ မရှိသောကြောင့်ကောင်းမွန်ခိုင်ခန့်သည့် တံတားများ တည်ဆောက်ပေးနိုင်ရေးနှင့် နောင်ချိုတွဲဘက် အထက
ကျောင်းအတွက် ချထားပေးသော ဆရာ/ ဆရာမများမှာ ၀ိဇ္ဇာ အရေတွက်
များနေသောကြောင်. သိပ္ပံတွဲဆရာ / ဆရာမများဖြည့်ပေးနိုင်ရေးစသည့် အကြောင်းအရာများအား ဆွေးနွေးတင်ပြခဲ့ကြောင်းကိုလည်း သိရသည်။

နောင်ချိုဒေသခံပြည်သူများ၏ တောင်းဆိုချက်အား လွှတ်တော်ဥတ္ကဌမှ
လွှတ်တော်အစည်းအဝေး တွင်ဆက်လက်၍ အဆိုတင်သွင်းပေးသွား
မည်ဖြစ်ကြောင်းကိုလည်းသိရသည်။

Myit Makha Mediagroup
နောင်ချိုဒေသခံတို့၏ သဘောထားများ တောင်းခံခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
Tuesday, 26 February 2013 

နောင်ချိုမြို့ဒေသခံများနှင့်တွေ့ဆုံ၍ သဘောထားတောင်းခံရန်အတွက်
ရှမ်းပြည်နယ်လွှတ်တော် ဥတ္ကဌ ဦးစိုင်းလုံဆမ်နှင့်အဖွဲ.မှာရှမ်းပြည်နယ်မြောက်
ပိုင်း၊ နောင်ချိုမြို့သို့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကလာရောက်ခဲ့သည်။ 

နောင်ချိုမြို့နယ်နေပြည်သူများမှ နောင်ချိုမြို့တောင်ပိုင်း စစ်တပ်မှသိမ်းယူ
ထားသော မြေဧက (၂၀၀)ကျော်အား သက်ဆိုင်ရာတောင်သူများမှပြန်လည်
ရရှိရေး၊ တိုးဂိတ်လျော့ချသတ်မှတ်ရေး၊ ဆီစုံအုပ်စုအတွင်းခိုင်ခန့်သော
တံတားများ တည်ဆောက်ရေး၊  တွဲဖက် အထက ကျောင်းများအတွက် ဆရာ/ဆရာမဖြည့်တင်းရေးကိစ္စများ   တောင်းဆိုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ 

“မြို့နယ်ကိစ္စအတွက်နဲ့ ၀န်ကြီး ရောက်နေတာပါ၊ ဟုတ်ပါတယ်”မြေစာရင်း
ဦးစီးဋ္ဌာနမှ လက်ထောက် ဦးစီးမှူးက အတည်ပြုပြောကြားသည်။ 

မန္တလေး လားရှိုးလမ်းတစ်လျှောက်တွင် မိုင် ၃၀ ကျော်တွင်တိုးဂိတ်တစ်ဂိတ်
သာထားရှိရမည့်အစား နောင်ချိုနှင့်ပြင်ဦးလွင်အကြား ၁၆မိုင်အကွာ၌ ဘန်ဘွေးတိုးဂိတ်တစ်ခုအပို ရှိနေသောကြောင့် ကုန်စည်ပို.ဆောင်ရေး နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ မိဘပြည်သူယာဉ်ပိုင်ရှင်များမှ ယာဉ် ဖြတ်
သန်းခ အသွားအပြန် တစ်ဂိတ်စာအပိုပေးဆောင်နေရသည့်အတွက် ဘန်ဘွေး တိုးဂိတ်အား ဖြုတ်ပေးစေရေး ဒေသခံများမှတောင်းဆိုခဲ့ခြင်း
လည်းဖြစ်သည်။ 

“အရင်ကနဲ့ မတူတော့ဘူး အခုလို လူကြီးကိုယ်တိုင်လာရောက်ပြီးကိုယ့်ပြည်
နယ်ကောင်းရာ ကောင်း ကြောင်း လာဆောင်ရွက်ပေးတယ်ဆိုတော့ဝမ်း
သာတယ်”ဟု နောင်ချိုမြို့ခံတစ်ဦးဖြစ်သူ ကိုမျိုးက ပြောသည်။ 

နောင်ချိုမြို.နယ် ဆီဆုံကျေးရွာအုပ်စုမှနောင်ချိုမှဆီဆုံသို့သွားရာလမ်း
တစ်လျှောက်တွင် ချောင်း များစွာ ဖြတ်သန်း သွားရသော်လည်း ကောင်းမွန်
သောတံတားများတစ်စင်းမှ မရှိသောကြောင့်ကောင်းမွန်ခိုင်ခန့်သည့် တံတားများ တည်ဆောက်ပေးနိုင်ရေးနှင့် နောင်ချိုတွဲဘက် အထက
 ကျောင်းအတွက် ချထားပေးသော ဆရာ/ ဆရာမများမှာ ၀ိဇ္ဇာ အရေတွက်
များနေသောကြောင်. သိပ္ပံတွဲဆရာ / ဆရာမများဖြည့်ပေးနိုင်ရေးစသည့် အကြောင်းအရာများအား   ဆွေးနွေးတင်ပြခဲ့ကြောင်းကိုလည်း သိရသည်။

နောင်ချိုဒေသခံပြည်သူများ၏ တောင်းဆိုချက်အား လွှတ်တော်ဥတ္ကဌမှ
လွှတ်တော်အစည်းအဝေး တွင်ဆက်လက်၍ အဆိုတင်သွင်းပေးသွား
မည်ဖြစ်ကြောင်းကိုလည်းသိရသည်။

Myit Makha Mediagroup
Myanmar International News

No comments:

Post a Comment