Pages

Friday, February 8, 2013

ပင်လုံမြို့တွင် လမ်းပြင်အလုပ်သမားများ ယာဉ်တိမ်းမှောက်မှုဖြစ်


ဖေဖော်ဝါရီ ၈ 


ရှမ်းပြည်နယ် ပင်လုံမြို့အထွက် ကားလမ်းပေါ်တွင် လမ်းပြင်အလုပ်သမားများ စီးနင်းလာသော ထွေလာဂျီ ယာဉ်သည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ချောက်ထဲထိုးကျခဲ့သဖြင့်လူတစ်ဦး  သေဆုံး ပြီး (၇)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထွေလာဂျီမောင်းနှင်လာသူမှာ ဦးအေးလွင်ဖြစ်ပြီး လမ်းပြင်အလုပ်သမား(၈)ဦး ကို တင်ဆောင်ကာ ပင်လုံမြို့မှ လဲချားသို့ ကားလမ်းအတိုင်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၂ နှင့် ၂၃ အကြားတွင် လမ်းဘေးချောက်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။ “မိုင်တိုင်၂၂ နှင့်၂၃ အကြားမှာ ထွေလာဂျီပျက်လို့ လမ်းဘေးမှာ ရပ်ပြီး ပြင်နေတုန်း ထွေလာဂျီက လိမ့်ဆင်းပြီး ချောက်ထဲကို ကျသွားပါတယ်။ ကိုကျော်မြင့် ကတော့ ပွဲခြင်းပြီးသေဆုံးသွားပြီး ကျန်တဲ့ (၇)ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်” လို့ အလုပ်သမားခေါင်းဆောင်မှ ပြောပြ ပါသည်။

ဒဏ်ရာပြင်းထန်စွာရရှိသွားသော (၇)ဦးကို ပင်လုံမြို့ဆေးရုံတွင် (၃)ဦး၊ လွိုင်လင်မြို့ဆေးရုံတွင်(၄)ဦး အသီးသီးပို့ဆောင်ပြီး ဆေးကုသပေးနေကြောင်းနှင့် ယာဉ်မောင်းအေးလွင်အား လဲချားရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment