Pages

Friday, February 8, 2013

လဲချားမြို့ စည်ပင်သာယာဈေးအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေ


 ဖေဖော်ဝါရီ ၈


ရှမ်းပြည်နယ် လဲချားမြို့ အမှတ်(၄) ရပ်ကွက်ရှိ စည်ပင်သာယာဈေးအတွင်းတွင် ဖေဖော်ဝါရီလ(၇) ရက်နေ့ က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သိရသည်။

သေဆုံးသူ ကိုချိုမှာ ဈေးစောင့်ဝန်ထမ်းတစ်ဦးဖြစ်ပြီး နောင်ပိန်ရွာမှ ဖြစ်ကြောင်း သိရသည်။ ကိုချို၏ အလောင်းကို စည်ပင်သာယာဈေးအတွင်း ဆိုင်ခန်းမှတ်(၁၇/၁၈) ဆိုင်ခန်းရှေ့ ထုတ်တန်းတွင် တွေ့ ရကြောင်း သိရသည်။ သေဆုံးသူ အလောင်းအား လဲချားမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ခွဲစိတ် စစ်ဆေးရာတွင် အခြားမည်သည့် ဒဏ်ရာမှ မတွေ့ရကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။ ၄င်းသေဆုံးမှုကို လဲချားမြို့ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment