ကျိုင်းတုံမှာ ဖွင့်လှစ်လိုက်တဲ့ ထေရ၀ါဒကျေးဇူးကြီး ရုပ်တုတော်
ဖေဖော်ဝါရီ(၂၃)
အခမ်းအနားမှာ တာချီလိတ်မြို့က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအပါအ၀င် မဟာမြတ်မုနိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ ကျောင်း ထိုင်ဆရာတော်(ကိုယ်စား) နှင့် ၀န်ထမ်းကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တို့ ကြွရောက်ချီးမြှင့်ခဲ့ကြတဲ့အပြင် ကျိုင်းတုံမြို့က ပင့်ဖိတ်ထားသော(၄၈)ကျောင်းအနက် (၄၅)ကျောင်းမှ ဓမ္မောဒယဆရာတော်ဘုရားကြီးအပါအ၀င် ဆရာတော်ကြီးများကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ကြပါတယ်။
ကြွရောက်လာတဲ့ ဆရာကြီးတော်များကို အာရုံဆွမ်းကပ်ခဲ့ကြပြီး
နံနက်(၆း၅၅)နာရီမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
သန်းထွန်းဦး နဲ့ အလင်းရောင်ပရဟိတအသင်းရဲ့ နာယကလည်းဖြစ်တဲ့ မဇ္ဈိမ
လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေတို့က ရုပ်တုတော်ကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးက စက်ခလုတ်နိပ်ကာ ကမ္မည်းကျောက်စာကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
No comments:
Post a Comment