Pages

Saturday, February 23, 2013

SSA မြောက်ပိုင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်သဖြင့် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံး

ဖေဖော်ဝါရီ(၂၃)


တန့်ယန်းမြို့နယ်၊လွယ်လန်းတောင်ကြောတစ်ဝိုက်တွင်နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ရင်းချီတက်
လာသော အရှေ့မြောက်ပိုင်းတိုင်းလက်အောက်ခံတပ်ရင်းတစ်ရင်းမှ တပ်ဖွဲ့ဝင်များအား SSA
မြောက်ပိုင်း(၀မ်ဟိုင်း)အဖွဲ့မှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် မြန်မာအစိုးရတပ်ဖွဲ့ဝင်၎ဦးကျဆုံး
သွားကြောင်း တန့်ယန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသွားသည်။

လွယ်လန်းတောင်ကြောသည် ယခင်က SSA (မြောက်ပိုင်း)တပ်များအခြေချနေထိုင်ခြင်းမရှိကြောင်း၊ ယခုနှစ်ဦးပိုင်းမှစ၍SSA(မြောက်ပိုင်း)အဖွဲ့ဝင်များလာ ရောက်တပ်စွဲစခန်းချခြင်းများပြုလုပ်လာကြောင်း၊
မြန်မာစစ်တပ်မှ ၎င်းတောင်ကြောရှိ တပ်များအားဖယ်ရှားပေးရန်တောင်းဆိုခဲ့သော်လည်း SSA (မြောက်ပိုင်း)အဖွဲ့မှ လက်မခံခဲ့ကြောင်း၊ ယခုဖြစ်စဉ်မှာ မြန်မာအစိုးရစစ်တပ်မှ လွယ်လန်းတောင်ကြော တစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်စဉ် SSA (မြောက်ပိုင်း)အဖွဲ့မှစောင့်ကြို တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

SSA (မြောက်ပိုင်း)အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားစဉ် သဘောတူ ထားသော စည်းကမ်း ချက်များအား ချိုးဖောက်နေသဖြင့် အစိုးရတပ်များနှင့်မကြာခဏတိုက်ပွဲများ
ဖြစ်ပွားနေကြောင်းကို ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှပြောကြားခဲ့ သည်။ ၎င်းမှ ယခုတိုက်ပွဲဖြစ်ပွားနေသည့် လွယ်လန်းတောင်ကြော သည် SSA (မြောက်ပိုင်း)တပ်ဖွဲ့ဝင်များ ရှိရမည့်နေရာမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

SSA (မြောက်ပိုင်း)အဖွဲ့သည် ပန်ဖမှခေါင်းဆောင်ပြီး အင်အား ၅၀၀၀ခန့်ရှိကာအစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးထားသောအဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ စိတ်ကြွဆေးများရောင်း ၀ယ်ဖောက်ကားတို့ဖြင့် နာမည်ကြီးသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
Photo: SSA မြောက်ပိုင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်သဖြင့် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံး
Saturday, 23 February 2013

တန့်ယန်းမြို့နယ်၊ လွယ်လန်းတောင်ကြောတစ်ဝိုက်တွင် နယ်မြေလုံခြုံရေး
တာဝန်ထမ်းဆောင်ရင်းချီတက်လာသော အရှေ့မြောက်ပိုင်းတိုင်း
လက်အောက်ခံတပ်ရင်းတစ်ရင်းမှ တပ်ဖွဲ့ဝင်များအား SSA
မြောက်ပိုင်း(၀မ်ဟိုင်း)အဖွဲ့မှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် မြန်မာအစိုးရတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးသွားကြောင်း တန့်ယန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသွားသည်။ 

လွယ်လန်းတောင်ကြောသည် ယခင်က SSA (မြောက်ပိုင်း)တပ်များ
အခြေချနေထိုင်ခြင်းမရှိကြောင်း၊ ယခုနှစ်ဦးပိုင်းမှစ၍ SSA (မြောက်ပိုင်း)
အဖွဲ့ဝင်များလာ ရောက်တပ်စွဲစခန်းချခြင်းများပြုလုပ်လာကြောင်း၊
မြန်မာစစ်တပ်မှ ၎င်းတောင်ကြောရှိ တပ်များအားဖယ်ရှားပေးရန်
တောင်းဆိုခဲ့သော်လည်း SSA (မြောက်ပိုင်း)အဖွဲ့မှ လက်မခံခဲ့ကြောင်း၊ ယခုဖြစ်စဉ်မှာ မြန်မာအစိုးရစစ်တပ်မှ လွယ်လန်းတောင်ကြောတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်စဉ် SSA (မြောက်ပိုင်း)အဖွဲ့မှ
စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

SSA (မြောက်ပိုင်း)အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်
ရေးထိုးထားစဉ် သဘောတူထားသောစည်းကမ်း ချက်များအား ချိုးဖောက်နေသဖြင့် အစိုးရတပ်များနှင့်မကြာခဏတိုက်ပွဲများ
ဖြစ်ပွားနေကြောင်းကို ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ
ပြောကြားခဲ့သည်။ ၎င်းမှ ယခုတိုက်ပွဲဖြစ်ပွားနေသည့် လွယ်လန်း
တောင်ကြော သည် SSA (မြောက်ပိုင်း)တပ်ဖွဲ့ဝင်များ ရှိရမည့်နေရာ
မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
 
SSA (မြောက်ပိုင်း)အဖွဲ့သည် ပန်ဖမှခေါင်းဆောင်ပြီး အင်အား ၅၀၀၀ ခန့်ရှိကာ အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး
ထားသောအဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ စိတ်ကြွဆေးများရောင်း ၀ယ်ဖောက်ကားတို့ဖြင့် နာမည်ကြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ 

ဓာတ်ပုံ - ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း (SSPP/SSA)
သန်းနိုင် (မိုင်းရှူး)

Myanmar Online News

No comments:

Post a Comment