စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ(၆)
တရားခံ သက်နောင်ထွန်း
၅-၂-၂၀၁၃ ရက်နေ့ ၁၇၂၀ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်း စစ်ဆေးရေး ဂိတ်တွင် တာချီလိတ်မူးယစ်(အထူး)မှတပ်ဖွဲ့ဝင်များနှင့်
ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုင်တွမ်းမှတာချီလိတ်သို့
မိုင်းဆတ်မြို့၊ မဟုန်ကန်ကျေးရွာနေ ကျင်းဆမ်(၂၇)နှစ် စီးနင်းပြီး
တစ်ရွာတည်းနေ နန်းကျိုင်း(၃၀)နှစ် နောက်ထိုင်လိုက်ပါသည့် ၁၆ယ/xxxxx
ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ နန်ကျိုင်းဝတ်ဆင်ထားသော ဂျာကင်အင်္ကျီယာဘက်အိတ်အတွင်း
ထည့်ထားသည့် စက္ကူပဲနို့ရည်ဗူးခွံအတွင်းမှ WY စာတမ်းပါ
လိမ္မော်ရောင်စိတ်ကြွဆေးပြား ၂၀၀၀ ပါ (၁)ထုပ်၊ ဆိုင်ကယ် ရှေ့ခြင်းအတွင်း
အ၀ါရောင်စပွန်ဆာသံဗူးခွံဖြင့်ထည့်ထားသော
WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀ စီပါ (၁၀)ထုပ်၊
အပြာရောင်သံဗူးခွံအတွင်းမ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀၀ ပါ
(၁)ထုပ်၊ စုစုပေါင်း ၆၀၀၀ ပြား၊ အလေးချိန် ၆၀၀ ဂရမ်၊ တန်ဘိုးငွေကျပ်
(၁၂၀,၀၀၀၀၀ိ/-)အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ကျင်းဆမ်နှင့် နန်ကျိုင်းတို့ ၂
ဦးအား တာချီလိတ်ရဲစခန်း မယ(ပ)၁၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ထို့ပြင် ယင်းနေ့ ၁၀၄၅
အချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ
များနှင့်အတူ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ မင်းချောင်းမုခ်ဦးရှေ့
လမ်းပေါ်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်၊ စေတီကုန်းလမ်းခွဲနေ
သက်နောင်ထွန်း(၃၃)နှစ် စီးနင်းပြီး တောင်ကြီးမြို့၊ ညောင်ဖြူ စခန်းရပ်၊
အောင်မင်္ဂလာလမ်းနေ ဒေါ်နန်းအောင်(၆၀)နှစ် နောက်ထိုင်လိုက်ပါလာသည့် ၁၄ယ/xxxxx
လော့ဂျာ ၁၁၀ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ
ဒေါ်နန်းအောင်၏ အတွင်းခံတွင် စပ်ချုပ်ထားသောအိတ်အတွင်းမှ WY စာတမ်းပါ
ပန်းရောင်စိတ်ကြွဆေးပြား ၅၇၇ ပြား၊ အလေးချိန် ၅၇.၇ ဂရမ်၊
မူးယစ်ဆေးဝါးရောင်းချရရှိငွေကျပ်(၁၂၀၀၀ိ/-)၊
ဖုန်း ၁ လုံးနှင့် သက်နောင်စိုး ၀တ်ဆင်ထားသော ဘောင်းဘီအိတ်အတွင်းမှ
ငွေကျပ်(၁၅၀၀၀ိ/-)အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍
ဒေါ်နန်းအောင်၏နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ
စိတ်ကြွဆေးပြား ၄၈၇ ပြား၊ အလေးချိန် ၄၈.၇ ဂရမ်၊ စုစုပေါင်း ဆေးပြား ၁၀၆၄
ပြား၊ အလေးချိန် ၁၀၆.၄ ဂရမ်၊ တန်ဘိုး ငွေကျပ်(၄၂,၅၆၀၀၀ိ/-)အား
သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်နန်းအောင်နှင့် သက်နောင်ထွန်းတို့ ၂ ဦးအား
တောင်ကြီးအမှတ်(၂)ရဲစခန်း မယ(ပ)၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment