Pages

Tuesday, February 5, 2013

ကွန်ဟိန်းမြို့နယ်အတွင်းဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးလိုက်ပြီ

ဖေဖော်ဝါရီ(၅)
မြန်မာ-တရုတ်နယ်စပ်ရှိ လ၀ကရုံးတွင်တွေ့ရသော တရုတ်နိုင်ငံသားများ

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် သံလွင်မြစ်အတွင်းမှ တရားမဝင်ခိုးဝင်နေထိုင်နေသော တရုတ်နိုင်ငံသားများအား ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူ များမှ ပြည်နှင် ဒဏ်ပေး ခဲ့ကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်နေထိုင်နေသော တရုတ်နိုင်ငံသား(၁၈)ဦးတွင် အမျိုးသား(၁၇)ဦးပါဝင်ပြီး အမျိုးသမီး (၁)ဦး ပါဝင်ကြောင်းသိရသည်။ ၎င်း အဖွဲ့ကို ၂၀၁၂ခု နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှသိရပြီး ကွန်ဟိန်းမြို့နယ်တရားရုံးမှ လဝကဥပဒေ ပုဒ်မအရ တစ်ဦးလျှင် ဒဏ်ငွေ(၂)သိန်းပေးဆောင်စေခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသား (၁၈)ဦးကို လဝက၊ ရဲတပ်ဖွဲ့များမှ အရာရှိများနှင့် လုံခြုံရေးအဖွဲ့များမှ တရုတ်နိုင်ငံ မုန်းဟိုင်းခရိုင်၊ ကျင်းဟုန်မြို့နယ် သို့သွားသော တရားမဝင်ခိုးဝင်လမ်းကြောင်းအထိ ပို့ဆောင်ပေးခဲ့ပြီး ပြည်နှင် ဒဏ်ပေးခဲ့ကြောင်း မိုင်းလားမြို့မှ ဒေသခံများကပြောပြပါသည်။
 ပြည်နှင်ဒဏ်ပေးခံရသူများ တရုတ်နိုင်ငံဘက်သို့ ထွတ်ခွာသွားပုံ

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ယခုကဲ့သို့ တရားမဝင်ကျူးကျော်ဝင်ရောက် နေထိုင်သည့်ကိစ္စများ မကြာ ခဏဖြစ်ပေါ်နေပြီး နှစ်နိုင်ငံအပြန်အလှန် လွှဲပြောင်းပေးအပ်ခြင်းများလည်းရှိခဲ့သည်။ ၂၀၁၃ ခု ဇန်နဝါရီလ(၃၀)ရက်နေ့တွင်လည်း တရုတ်နိုင်ငံ ရွှေလီနယ်စပ်ကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီးမိသော တရားမဝင် သွားရောက်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား (၂၉)ဦးကို မူဆယ်မြို့ နန်းတော် စစ်ဆေးရေး ဂိတ်တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

No comments:

Post a Comment