Pages

Tuesday, February 19, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွား လုံခြုံရေး သုံးဦး သေဆုံး


ဗန်ကောက် ဖေဖော်ဝါရီ   ၁၈
မငြိမ်မသက် ဖြစ်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီမြို့ လယ်ကောင်၌ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အပျော်တမ်း လုံခြုံရေး ဝန်ထမ်း သုံးဦး သေဆုံး ခဲ့ပြီး အရပ်သားများ အပါအဝင် ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက် ကွဲမှုသည် နရာသီဝပ် ပြည်နယ်ရှိ စစ်အခြေစိုက် စခန်း တစ်ခုအား လွန်ခဲ့သည့် သီတင်းပတ် အတွင်း ပြုလုပ်ခဲ့သည့် အောင်မြင်မှု မရှိခဲ့သော တိုက်ခိုက်မှုနှင့် ဆက်စပ်လျက် ရှိကြောင်း နိုင်ငံ လုံခြုံရေး ကောင်စီမှ  အတွင်းရေး မှူးချုပ် ပါရာဒွန်ပတ် တနာသာအူ က ပြောကြားခဲ့သည်။
သောင်းကျန်းသူဟု ယူဆရသူ များသည်  ပတ္တနီမြို့တစ်ဝန်းတွင် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ချိန်ကိုက်ဗုံး ခုနစ်လုံး ထောင်ခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ပေါက်ကွဲမှု မရှိသေးသည့် အခြားဗုံး လေးလုံးကိုလည်း စနက်တံများ ဖြုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက် ကွဲမှုကြောင့် ဒေသတွင်းရှိ ဈေးဆိုင်များ ပျက်စီး ခဲ့ရကြောင်း သိရသည်။
မူဆလင် အများစု  နေထိုင်လျက်ရှိသော   ထိုင်းနိုင်ငံ တောင်ဘက်စွန်းရှိ ပြည်နယ်များတွင် ၂ဝဝ၄ ခုနှစ် ကတည်းက စတင်၍ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ဒေသခံ ၅ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment