Pages

Tuesday, February 19, 2013

တရုတ် စစ်သင်္ဘောများ ဂျပန်ရေပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်

အရှေ့ တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ကျွန်းစုများ အနီးတွင် တရုတ် အစိုးရပိုင် သင်္ဘောများ ရှိနေကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့ ပါသည်။
တစ်ချိန်တည်းမှာပင် ဂျပန်ထိပ်တန်း သံတမန် တစ်ဦးကလည်း ပေကျင်း တွင် ပြုလုပ်မည့် အပြန်အလှန် အငြင်းပွားမှု များကို ပြေလည်အောင် ဖြေရှင်း နိုင်စေရန် ရည်ရွယ်သည့် အစည်းအဝေး အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိပါသည်။ တရုတ် အစိုးရပိုင် ကင်းထောက် ရေယာဉ် ၃ စင်းသည် ဂျပန် အစိုးရက ထိန်းချုပ်ထားသည့် ဆင်ကာကူ ကျွန်းစုများကို လှည့်ပတ် ခုတ်မောင်း နေခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြား ခဲ့ပါသည်။ ဂျပန် အစိုးရကမူ ယခု အဖြစ်အပျက်နှင့် ပတ်သက်၍ ဂျပန် ရေပိုင်နက် အတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်လျက် ရှိပြီး တရုတ် အစိုးရကို တရားဝင် ကန့်ကွက်မှုများ ပြုလုပ် ခဲ့သည်ဟု ကျိုဒို သတင်းစာက ဖော်ပြခဲ့ကြောင်း သိရှိ ရပါသည်။
မြ၀တီ

No comments:

Post a Comment