Pages

Thursday, February 28, 2013

အိန္ဒိယ နိုင်ငံ ဈေးတစ်ခု မီးလောင်မှု ဖြစ်ပွား ၁၉ ဦး သေဆုံး

ဖေဖော်ဝါရီ(၂၈)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုးလ်ကတ္တားမြို့ ဆာရာဆန် အမည်ရှိ ခြောက်ထပ် အမြင့် ဈေးတစ်ခုတွင် ဖေဖော် ဝါရီ ၂၇ ရက် နံနက် လေးနာရီက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၁၉ ဦး သေဆုံး ခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ယင်းဈေးသည် ထွက်ပေါက် တစ်ပေါက်တည်းသာ ရှိပြီး မီးလောင်မှု ဖြစ်ပွားစဉ် ဈေးအတွင်း အိပ်ပျော်နေသူ ၃၈ ဦးအား ကယ်ဆယ်ရေး သမားများက ကယ်ဆယ် ခဲ့ရကြောင်း မီးသတ် ဌာနမှ အကြီးအကဲ ဂျာဗက်ဒ်ကန်က အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

အဆိုပါ ဈေးသည် ကိုးလ်ကတ္တား မြို့လယ်ရှိ မီးရထား ဘူတာရုံ အနီးတွင် တည်ရှိပြီး မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မီးသတ်ဝန်ထမ်း ရာကျော် လာရောက်၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ ဈေးတစ်ခု မီးလောင်မှု ဖြစ်ပွား ၁၉ ဦး သေဆုံး

ကိုးလ်ကတ္တား ဖေဖော်ဝါရီ ၂၇

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုးလ်ကတ္တားမြို့ ဆာရာဆန် အမည်ရှိ ခြောက်ထပ် အမြင့် ဈေးတစ်ခုတွင် ဖေဖော် ဝါရီ ၂၇ ရက် နံနက် လေးနာရီက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၁၉ ဦး သေဆုံး ခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ယင်းဈေးသည် ထွက်ပေါက် တစ်ပေါက်တည်းသာ ရှိပြီး မီးလောင်မှု ဖြစ်ပွားစဉ် ဈေးအတွင်း အိပ်ပျော်နေသူ ၃၈ ဦးအား ကယ်ဆယ်ရေး သမားများက ကယ်ဆယ် ခဲ့ရကြောင်း မီးသတ် ဌာနမှ အကြီးအကဲ ဂျာဗက်ဒ်ကန်က အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

အဆိုပါ ဈေးသည် ကိုးလ်ကတ္တား မြို့လယ်ရှိ မီးရထား ဘူတာရုံ အနီးတွင် တည်ရှိပြီး မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မီးသတ်ဝန်ထမ်း ရာကျော် လာရောက်၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

http://bit.ly/15SihlE
မြ၀တီ

No comments:

Post a Comment