Pages

Thursday, February 28, 2013

ကူမဲမြို့ နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အထောက်အပံ့ လှူဒါန်းပွဲ

ဖေဖော်ဝါရီ(၂၈)
ကူမဲမြို့ နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာရေး အထောက်အပံ့ လှူဒါန်းပွဲ အထူးဓမ္မသဘင် ကျင်းပရာ ရွှေရောင် ထောက်ပရစ် ဗိမာန်တော်၌
ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ကမ္ဘာ့အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာ ပထမဆုံး သာသနာပြု ဆရာတော် ၁၁ နိုင်ငံ သာသနာပြု ဆရာတော်ဖြစ်သော ရွှေတွံတေးဆရာတော်က တရားဟောကြားခဲ့သည်။ ဓမ္မပူဇာ အလှူငွေများနှင့် ဖြည့်စွက်အလှူငွေများကို ရေတွင်းဖြူ - မြောင်းကြား - နောင်ဆိုင်း - မိုင်းမော - အုတ်နှဲဘုတ် - ခရုတုပ် - အရေးမဆို စသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၈ ကျောင်းသို့ လှူဒါန်းခဲ့သည်။ ရွှေတွံတေး
ဆရာတော်က ..... ဘုရားကို တကယ်ကြည်ညိုရင် ဘုရားရဲ့ စရိယ ၃ပါးကို ကျင့်ပါ ကိုယ်အရည်အချင်းရှိအောင် သီလ သမာဓိ ပညာ ပြည့်စုံဖို့ ကျင့် - ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသား အကျိုးဖြည့်ကျင့် - လူသားအားလုံးအကျိုးဖြည့်ကျင့် - အဆင့်ဆင့်ကျင့်ကြပါ ကိုယ်လည်း သီလလုံအောင်စောင့် မသတ်နဲ့  မနှိပ်စက်နဲ့ မခိုးနဲ့ မလိမ်နဲ့ မတရားမလုပ်နဲ့  ကိုယ့်ပတ်ဝန်းကျင်
မှာ ကျုးလွန်နေရင်လည်း ၀ိုင်းတား ၀ိုင်းပြုပြင်ကြပါ .... ရတနာ ၃ပါး မစောင့်ရှောက်ကြရင် အမျိုး ဘာသာ သာသနာ နိုင်ငံပါပျောက်သွားမယ် ။ ဘ/က ပညာရေးဟာ သမိုင်းအစဉ်အဆက်
ရှိခဲ့တာ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ဖြည့်ဆည်းပေါ်ပေါက်ရတာမို့  ၀ိုင်းဝန်းကူညီကြဖို့ 
စောင့်ရှောက်ကြဖို့  ပံ့ပိုးကြဖို့  အာဏာပိုင်ရော လူထုကိုပါ မေတ္တာရပ်ခံပါတယ်
စသဖြင့်ဟောကြားခဲ့သည်။

Myanmar International News

No comments:

Post a Comment