Pages

Monday, February 25, 2013

ဖယ်ခုံမြို့နယ်တွင် ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား


ဖေဖော်ဝါရီ(၂၅)

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် တောင်ကြီးမြို့ မူးယစ်အထူးအဖွဲ့မှ ရဲတပ်ဖွဲ့များ၊ ဖယ်ခုံရဲစခန်းမှ တပ်ဖွဲ့ ၀င် များသည် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် မူးယစ်ဆေးဝါးများ သိုလှောင်ထားသည့် အိမ်တစ်အိမ်အား ၀င်ရောက် ဖမ်းဆီးရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီး မူးယစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောအဖွဲ့မှ ဖယ်ခုံမြို့နယ်၊ နမ့်ဟူး ကျေးရွာရှိ ဆန်းနိုင်၏ အိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာတွင် အိမ်အတွင်းမှ တူမီးသေနတ်နှင့် ပစ်ခတ် ခဲ့သဖြင့် ရဲအုပ် သန်းဇော်ဝင်း ဘယ်ဘက်ပေါင်အား ထိမှန်ခဲ့သည် ။ ရဲတပ်ဖွဲ့ များမှ အင်အားဖြည့်ပြီး ခြံထဲသို့ ၀င်ရောက်သောအခါတွင် တရားခံဆန်းနိုင်မှ ကားမောင်းပြီး ထွက်ပြေးခဲ့ သဖြင့် ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားမှန်ကိုသာ ထိမှန်ခဲ့ပြီး တရားခံ ဆန်းနိုင် မှာထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း နမ့်ဟူးရွာ ဒေသခံများ ထံမှ သိရသည်။

ရဲတပ်ဖွဲ့မှ တရားခံ ဆန်းနိုင် အိမ်အား ၀င်ရောက်ရှာဖွေရာတွင် နေအိမ်ကြမ်းခင်းပေါ်တွင် ဘိန်းစိမ်းများ စုပုံထား ခဲ့သည့် အကြွင်းအကျန်များ တွေ့ရှိကြောင်းနှင့် ကားဂိုထောင် အမိုးပေါ်တွင် ဘိန်းစိမ်းရည်များ သွန်းချထား ခဲ့ကြောင်း သိရသည်။ တရားခံအား ဖမ်းဆီးရမိရေးအတွက် မိုးဗြဲနှင့် လွိုင်ကော်မြို့များတွင် အသေးစိတ် ရှာဖွေ မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment