Pages

Monday, February 25, 2013

KIA ပြီးနောက် SSPP/SSA နှင့်ပတ်သက်သော သတင်းများ ဆက်သွယ်မေးမြန်းဖော်ပြလာသည့် The Voice

ဖေဖော်ဝါရီ(၂၅)


သတ်မှတ်ထားသော နယ်မြေ ပြင်ပသို့ ရောက်ရှိ တပ်စွဲထားသော အပစ်ရပ် သဘောတူထားသည့် SSPP/ SSA  တပ်များ၏ သဘောထားအား The Voice ဂျာနယ်မှ တစ်ဆင့် ကြေငြာပေးခဲ့သည်ကို ယခုအ ပတ် ထုတ် The Voice ဂျာနယ်တွင် တွေ့လိုက်ရသည်။

ရမခ တိုင်းမှူးမှ အကြောင်းကြားထားသော်လည်း မိမိတို့တပ်များ လုံးဝ ဆုတ်ခွာမည် မဟုတ်ကြောင်း ထို သောင်း ကျန်းသူ တပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလမှ The Voice သို့ ပြောကြားခဲ့ကြောင်း သတင်း တွင် ဖော်ပြထားသည်။

အစိုးရငြိမ်းချမ်းရေး အဖွဲ့တွေ လုပ်နေတာနဲ့ တပ်မတော်က လုပ်နေတာက ဆန့်ကျင်ဘက် ဖြစ်နေတယ် ဟု ဗိုလ် မှူး စိုင်းလက ပြောကြားသယောင် ရေးသားထားသည်။ 

သတင်းတွင် တန့်ယန်းမြို့နယ် လွယ်လန်းတောင်တွင် အခြေစိုက် ထားသော တပ်မဟာ ၃၆ လက်အောက် ခံ တပ်ရင်း ၁၉၂ ကို တပ်မတော်၏ လောက်ကိုင် အ ခြေစိုက် ခမရ ၃၃၂ နှင့် ခလရ ၃၃ တပ်ရင်းတို့က လာေ ရာက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း SSPP/SSA မှ နိုင်ငံတော် သမ္မတရုံးထံ တိုင်ကြားထားသည့် အချက် အလက်များ အရ သိရသည်ဟုလည်း ဖော်ပြထားသည် ကို တွေ့ရသည်။

The Voice ဂျာနယ်မှ အယ်ဒီတာတစ်ဦးမှာ ကေအိုင်အိုနှင့် ဆွေမျိုးနီးစပ် ပတ်သက်သူ ဖြစ်ပြီး ကေအိုင်ေ အနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အစိုးရနှင့် တပ်မတော် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရေး သားခဲ့သော်လည်း အစိုးရမှ အရေးယူခြင်း မရှိခဲ့ပေ။ ယခုတစ်ဖန် ကေအိုင်အေ ကိစ္စပြီးနောက် SSA ဘက် လှည့် လာသဖြင့် The Voice ဂျာနယ်သည် အကြမ်းဖက်သောင်းကျန်းသူတို့၏ လက်ကိုင်တုတ် ဂျာနယ် လား၊ အစိုးရမှ တရား ၀င် အသိအမှတ်ပြု ပေးရသည့် သောင်းကျန်းသူ့ အသံ ဂျာနယ် ဖြစ်နေပြီလားဟု ဝေဖန်မှုများ ရှိနေသည်။
 

 

No comments:

Post a Comment