Pages

Wednesday, February 20, 2013

တံတားပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချ

ဖေဖော်ဝါရီ(၂၀)

၁၉-၂-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ဆားလင်းကြီး မြို့နယ်ကြား၊ ချင်းတွင်းတံတားအနောက်ဘက်ခြမ်း မိုင်တိုင်အမှတ်(၅ နှင့် ၆)ကြား ချင်းတွင်းမြစ်ရေတိမ် သဲသောင်ကမ်းစပ်တွင် အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ မုံရွာအမှတ်(၁) ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ဆားလင်းကြီးမြို့နယ်၊ ၀က်မှေးရွာနေ မချစ်ပု(၃၅)နှစ်ဖြစ်ကြောင်း၊ စိတ်ညစ်၍ မိမိကိုယ်မိမိ သတ်သေလိုသည်ဟု မကြာခဏပြောကြောင်း၊ ထို့နေ့ ၀၃၃၀ အချိန် မချစ်ပုသည် တစ်ရွာတည်းနေ မသင်းမာနှင့် ဆိုင်ကယ်ဖြင့် ရွာမှထွက်လာခဲ့ကြောင်း၊ ၎င်းမှ မိမိကိုယ်မိမိသတ်သေလိုကြောင်း ငြီးငြူပြောဆို ခဲ့ပြီး မသင်းမာအား ရွှေတောင်ဦးဘုရားသွားလမ်းပေါ်၌ ချထားခဲ့ကာ မချစ်ပု တစ်ဦးတည်း ချင်းတွင်း တံတားဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်သွားပြီး တံတားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အလောင်း အားစစ်ဆေးရာ ယာဘက်ခြမ်းနံရိုးများအားလုံးကျိုးပြီး အသည်းနှင့်အဆုတ်တို့ကိုထိုးဖောက်ခြင်း၊ အသည်း ကွဲခြင်းတို့ကြောင့် သေဆုံးခြင်းဖြစ်၍ မုံရွာအမှတ်(၁) ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၃) ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment