စိတ်ကြွရူးသွပ်ဆေးဝါးပြုလုပ်မည့် ဆေးမှုန့်များအား ဖမ်းဆီးရမိ
ဖေဖော်ဝါရီ(၂၀)
၁၉-၂-၂၀၁၃ ရက်နေ့ ၁၁၄၅ အချိန်
ရှမ်းပြည်နယ်၊ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည်
မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊
မိုင်းကိုးအုပ်စု၊ ဟိုရမ်းကျေးရွာ၊ ရေပူစမ်းလမ်းနေ
ဆမ်ကျောက်(၄၈)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်ခန်းအတွင်းရှိ
ဆောင်းဘောက်အတွင်း အဖြူရောင်ပလပ်စတစ်ဖြင့်ထည့်လျက် စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ် ထားသည့် ပန်းရောင်စိတ်ကြွဆေးမှုန့်(၉၀၀)ဂရမ်ခန့်ပါ
၂ ထုပ်၊ အလေးချိန်(၁.၈)ကီလို၊ တန်ဘိုးငွေကျပ် သိန်း(၃၆၀)အား
တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆမ်ကျောက်အား တာချီလိတ်ရဲစခန်း မယ(ပ)၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment