Pages

Tuesday, February 19, 2013

အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး တားဆီးခဲ့သူ ဒေသခံတွေ တရားရုံး ရင်ဆိုင်နေရ


Photo: အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး တားဆီးခဲ့သူ ဒေသခံတွေ တရားရုံး ရင်ဆိုင်နေရ

အင်းလေးဟိုတယ်ဇုန်တည်ဆောက်ရေး ကန့်သတ်နယ်မြေအတွင်းမှာ ဝင်ရောက်တားဆီးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဒေသခံတောင်သူ ၇ ဦးကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ညောင်ရွှေ မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က အင်းလေးဟိုတယ်ဇုန် စီမံကိန်းအတွက် မြေထိုးစက်တွေနဲ့ ရှင်းလင်းရာမှာ သာသနာပိုင်ထင်းခြံတွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက်တားဆီးခဲ့ရာကနေ အာဏာပိုင်တွေနဲ့ တောင်သူတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

အဲဒီပဋိပက္ခမှာပါဝင်တဲ့ တောင်သူတွေထဲက အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာကတောင်သူ ၇ ဦးကို ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး မြို့နယ်တရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ (အာဏာဖီဆန်မှု)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အာဏာပိုင် အစိုးရအဖွဲ့တွေက တောင်သူတွေနဲ့ ညှိနှိုင်းနေချိန်မှာ အခုလိုတရားစွဲလိုက်တာဟာ ပြည်သူတွေအတွက် ပိုပြီးနစ်နာစေတယ်လို့ စွပ်စွဲခံရတဲ့ တောင်သူတွေရဲ့ ရှေ့နေဒေါ်နန်းသူဇာက RFA ကိုပြောပါတယ်။

ဒီကနေ့ရုံးချိန်းကို အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာက ဒေသခံတောင်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ညောင်ရွှေမြို့နယ်တရားရုံးက စွပ်စွဲခံရသူတောင်သူ ၇ ဦးကို ဒီကနေ့ရုံးချိန်းမှာ အာမခံပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ဒေသခံတောင်သူလေးဦးကလည်း သူတို့ရဲ့သီးနှံစိုက်ခင်းတွေကို ဖျက်စီးခဲ့တဲ့ ဖြူစင်ကုမ္ပဏီက စက်ယန္တရားတာဝန်ခံ ဦးတိုးမြင့်အောင်ကို အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ ညောင်ရွှေတရားရုံးမှာ ပြန်လည်တရားစွဲထားတယ်လို့ သိရပါတယ်။
အင်းလေးဟိုတယ်ဇုန်တည်ဆောက်ရေး ကန့်သတ်နယ်မြေအတွင်းမှာ ဝင်ရောက်တားဆီးခဲ့တယ်လို့ စွပ်စွဲခံရတဲ့
 ဒေသခံတောင်သူ ၇ ဦးကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ညောင်ရွှေ မြို့နယ်တရားရုံးမှာ ပထမဆုံး
အကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နဲ့ ဖေဖော်ဝါရီလ၉ရက်နေ့ကအင်းလေးဟိုတယ်ဇုန်စီမံကိန်းအတွက် မြေထိုးစက်တွေ
နဲ့ ရှင်းလင်းရာမှာ သာသနာပိုင်ထင်းခြံတွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက်တားဆီးခဲ့ရာကနေ အာဏာပိုင်တွေနဲ့ တောင်သူတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

အဲဒီပဋိပက္ခမှာပါဝင်တဲ့ တောင်သူတွေထဲက အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာကတောင်သူ၇ဦးကို ညောင်ရွှေမြို့
နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး မြို့နယ်တရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ (အာဏာဖီဆန်မှု)
နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အာဏာပိုင် အစိုးရအဖွဲ့တွေက တောင်သူတွေနဲ့ ညှိနှိုင်းနေချိန်မှာ အခုလိုတရားစွဲလိုက်တာဟာ ပြည်သူတွေ
အတွက် ပိုပြီးနစ်နာစေတယ်လို့ စွပ်စွဲခံရတဲ့ တောင်သူတွေရဲ့ ရှေ့နေဒေါ်နန်းသူဇာက RFA ကိုပြောပါတယ်။

ဒီကနေ့ရုံးချိန်းကို အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာက ဒေသခံတောင်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး
 ညောင်ရွှေမြို့နယ်တရားရုံးက စွပ်စွဲခံရသူတောင်သူ ၇ ဦးကို ဒီကနေ့ရုံးချိန်းမှာ အာမခံပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ဒေသခံတောင်သူလေးဦးကလည်း သူတို့ရဲ့သီးနှံစိုက်ခင်းတွေကို ဖျက်စီးခဲ့တဲ့ ဖြူစင်ကုမ္ပဏီက စက်ယန္တရားတာဝန်ခံ ဦးတိုးမြင့်အောင်ကို အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ ညောင်ရွှေတရားရုံးမှာ ပြန်လည်တရားစွဲ
ထားတယ်လို့ သိရပါတယ်။
RFA

No comments:

Post a Comment