Pages

Saturday, February 23, 2013

လောက်ကိုင်မြို့တွင် မီးလောင်မှုဖြစ်ပွား

ဖေဖော်ဝါရီ(၂၃)


ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဦးလျှန်မုံးထန်ပိုင်ဆိုင်သော လောက်ကိုင်မြို့၊ ရပ်ကွက် (၂)၊ တော်ဝင်လမ်းသွယ်နှင့် ကွမ်ပုံလမ်း ဆုံကျောက်တိုင် အနီးရှိ ခွားကော် တည်းခိုခန်းမှမီးစတင်လောင် ကျွမ်းခဲ့ပြီး လောက်ကိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲများ ပြည်သူများဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မိနစ် ၉၀ ခန့်အကြာတွင် မီးငြိမ်းသွား ခဲ့သည်။ မီးလောင် ကျွမ်းမှုကြောင့် တည်းခိုခန်းအပါအ၀င်အနီးရှိ ကျိုင်းဝိုင်းနွဲ့ရွှေဆိုင်၊ သီရိစန္ဒာစတိုးဆိုင်၊ အိမ်ဆောက် ပစ္စည်းသိုလှောင်ထားသော အခန်း ၂ ခန်းတို့မီးလောင်ကျွမ်းသွားခဲ့ကြောင်းသိရသည်။ ဆုံးရှုံး သွားသည့် တန်ဖိုး မှာ သိန်း ၂၀၀ ကျော်ဖြစ်ကြောင်း လောက်ကိုင်မြို့မီးသတ် ၀န်ထမ်းတစ်ဦးမှ ပြောပြ ပါသည်။

မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့သော ခွားကော် တည်းခိုခန်းပိုင်ရှင် လျှန်ဖုံးထန်အား လောက်ကိုင်ရဲစခန်းမှ အမှု ဖွင့်အရေးယူထားကြောင်းသိရသည်။

No comments:

Post a Comment