Pages

Saturday, February 23, 2013

SSA (တောင်ပိုင်း)အဖွဲ့မှ သစ်ခွဲစက်များအား ဆက်ကြေးကောက်နေ

ဖေဖော်ဝါရီ(၂၃)


ရှမ်းပြည်နယ် ကျိုင်းတောင်းမြို့နယ်နှင့် ခိုလမ်မြို့နယ်များအတွင်း သစ်ခွဲစက်ပိုင်ရှင်များထံမှ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့များမှ ဆက်ကြေးတောင်းခံနေကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျိုင်းတောင်းမြို့နယ်နှင့် ခိုလမ်မြို့နယ်အတွင်းရှိ တရားမ၀င်သစ်စက်များကို ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့မှ စာရင်းကောက်ခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခြင်းပြုလုပ်နေပြီး သစ်စက်များကို ဆက်လက်လုပ်ဆောင်လိုပါက လက်မှတ်ထုတ်ပေး မည်ဖြစ်ကြောင်းနှင့် သစ်ခွဲစက် ၁ လုံးလျှင်တစ်လ(၁၅)သိန်းကျပ် ပေးရမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

''ကျွန်တော်တို့သစ်စက်သမားတွေမှာ ချမ်းသာဖို့၊ နိုင်ငံခြားကိုပို့ဖို့ ဆိုပြီးလုပ်ကြတာမရှိပါဘူး၊ မိသားစု စားဝတ်နေရေး ပြေလည်ရုံပဲလုပ်ကြတာပါ။ အမျိုးသမီးနဲ့ကလေးတွေက စိုက်ပျိုးရေး လုပ်ကြတယ်။ ကျွန်တော်တို့ အမျိုးသားတွေက သစ်ခွဲစက်လေးထောင်ပြီး အိမ်ဆောက်ဖို့လုပ်တာပါ။ နောက်ဆုံး ဘာမှ မရတောင် အိမ်အတွက်ထင်းရတာပေါ့ဗျာ။ အခုတော့ ၁၅ သိန်းဆိုတော့ တော်တော်စဉ်းစားနေရပြီ။ သစ်စက် တော်တော်များများတော့ ပြန်ဖြုတ်သွားကြပြီ''ဟု ကျိုင်းတောင်း မြို့နယ်မှ သစ်စက်သမားတစ်ဦး က ပြောပြသွားပါသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့သည်အစိုးရနှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပြုလုပ်ထားပြီးသော်လည်း မြို့ရွာများတွင် အခွန်အခများလိုက်လံကောက်ခံခြင်း၊ ဆက်ကြေးတောင်းခြင်း၊ မူးယစ်ဆေးဝါးများစိုက်ပျိုးထုတ်လုပ်ခြင်း၊အဓမ္မလူသစ်စုစစ်သင်တန်း ပေးခြင်းများ ဆောင်ရွက်နေကြောင်း
 ဒေသခံများထံမှသိရှိရသည်။

No comments:

Post a Comment