Pages

Thursday, February 28, 2013

မြောက်ကိုရီးယား၏ နျူထိပ်ဖူးတပ်ဒုံးကျည် အမေရိကန်သို့ ရောက်ရှိနိုင်ဟုဆို

ဖေဖော်ဝါရီ(၂၈)

မြောက်ကိုရီးယား နိုင်ငံက ၎င်းတို့ထံမှ ပစ်လွှတ်မည့် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်သည် ယခုအခါအမေရိကန်ထိရောက်ရှိနိုင်ပြီဟု ပြောကြားလိုက်သည်။ နိုင်ငံရေးပြိုင်ဘက်များအဖြစ်ရပ်တည် ခဲ့သော နှစ်နိုင်ငံ ၏ ဆက်ဆံရေးသည်မြောက်ကိုရီးယား၏ ကြေညာချက်ကြောင့် ပိုမို တင်းမာအေးခဲ လာဖွယ် ရှိနေသည်။
ကုလသမဂ္ဂက ကွန်မြူနစ် နိုင်ငံကို နျူကလီးယား စီမံကိန်းများ စွန့်လွှတ်ရန် ဖိအားပေး တိုက် တွန်းနေသော်လည်း မြောက်ကိုရီးယားကမူမကြာသေးမီကမှ နျူကလီးယားဗုံးစမ်းသပ် ဖောက်ခွဲပြခဲ့သေး သည်။ယခုအခါ မြောက်ကိုရီးယားအစိုးရ၏ဝါဒဖြန့်ဝက်ဘ်ဆိုက်တစ်ခုက နိုင်ငံ၏တာဝေးပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်သည် အမေရိကန်ကို ခြိမ်းခြောက်နေနိုင်ပြီဟု ဖော်ပြလာခြင်း ဖြစ်သည်။

Planet Myanmar Network
မြောက်ကိုရီးယား၏ နျူထိပ်ဖူးတပ်ဒုံးကျည် အမေရိကန်သို့ 
ရောက်ရှိနိုင်ဟုဆို
Thursday, February 28, 2013

မြောက်ကိုရီးယား နိုင်ငံက ၎င်းတို့ထံမှ ပစ်လွှတ်မည့် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်သည် ယခုအခါ အမေရိကန်ထိ
ရောက်ရှိနိုင်ပြီဟု ပြောကြားလိုက်သည်။ နိုင်ငံရေး ပြိုင်ဘက်များ
အဖြစ် ရပ်တည်ခဲ့သော နှစ်နိုင်ငံ၏ ဆက်ဆံရေးသည်
မြောက်ကိုရီးယား၏ ကြေညာချက်ကြောင့် ပိုမို တင်းမာ
အေးခဲလာဖွယ် ရှိနေသည်။

ကုလသမဂ္ဂက ကွန်မြူနစ် နိုင်ငံကို နျူကလီးယား စီမံကိန်းများ 
စွန့်လွှတ်ရန် ဖိအားပေး တိုက်တွန်းနေသော်လည်း မြောက်ကိုရီးယားကမူ မကြာသေးမီကမှ နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲပြခဲ့သေးသည်။
ယခုအခါ မြောက်ကိုရီးယား အစိုးရ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုက နိုင်ငံ၏ တာဝေးပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်သည် အမေရိကန်ကို ခြိမ်းခြောက်နေနိုင်ပြီဟု ဖော်ပြလာခြင်း ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment