Pages

Thursday, February 28, 2013

မဇ္ဈိမ လူမှုကူညီရေးအသင်းမှ လူနာနှစ်ဦးအား ကျန်းမာရေးထောက်ပံ့မှုအဖြစ် ကူညီငွေပေးအပ်

ဖေဖော်ဝါရီ(၂၈)


ဖေဖော်ဝါရီ(၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေးထောက်ပံ့မှုအဖြစ် မဇ္ဈိမ လူမှုကူညီရေးအသင်းမှ တာဝန်ခံ မသိင်္ဂီမြင့် ဦးဆောင်သောအဖွဲ့သည် လူနာနှစ်ဦးအား ကူညီငွေထောက်ပံ့ခဲ့တာဖြစ်ပါသည်။

အသက်(၄၅)နှစ်ဝန်းကျင်ရှိ ဦးဗြာကြီးအား ကျန်းမာရေးကုသရန်အတွက် (၁၅၀၀)ဘတ် နှင့် အသက်(၃၂)နှစ်အရွယ် မနန်းလှခင်အား ဆေးဝါးဝယ်ယူရန်အတွက် (၁၁၀၀)ဘတ်ကို ကူညီပေးခဲ့ကြပါသည်။

ဦးဗြာကြီးအား နံနက်(၉)နာရီက ကျန်းမာရေးကုသရန်အတွက် ကူညီငွေသွားရောက်ပေးအပ်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲ(၂)နာရီမှာပင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရ၍ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ၎င်း၏မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းရပါသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ်မြို

No comments:

Post a Comment